Ye Phyu News

0 0
Read Time:3 Minute, 9 Second

မောရဝတီရေတပ်မှ စစ်အရာရှိများ လိုက်ပါလာသည့် ပါရာဒိုကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ရေတပ်အရာရှိနှင့် တပ်ကြပ်အဆင့်ရှိသူတို့ ၂ ဦးသေဆုံး ကားလမ်းဘေးမြောင်း ထဲ ထိုးကျ

 

D Day News

ဇူလိုင်လ ၂၂

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက် ကလိန်အောင်လမ်းပိုင်း တနေရာတွင် မောရတီရေတပ်မှ စစ်အရာရှိများ လိုက်ပါလာသော ပါရာဒိုကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေတပ် အရာရှိနှင့်တပ်ကြပ် အဆင့်ရှိသူတို့ ၂ ဦးသေဆုံးခဲ့ပြီး ကားမှာလည်းဘေးမြောင်းထဲထိုးကျသွား ကြောင်း ဒေါနတပ်ခွဲ – ၆ ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၇ ရက် နံနက် ၂ နာရီ မိနစ် ၄၀ အချိန်က ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ကလိန် အောင်မြို့ဘက်သို့ထွက်လာသော ရေတပ်အရာရှိပိုင်းနှင့် စရဖတို့ လိုက်ပါလာသည့် PRADO ကား တစ်စီးကို ကံပေါက်-ကလိန်အောင် လမ်းပိုင်းတစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်း ဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး ကားမှာ လှည့်ပြန်ဆုတ် ပြေးစဉ် လမ်းဘေးမြောင်းထဲထိုးကျသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးနှင့် တပ်ကြပ်အဆင့်ရှိသူ တစ်ဦသေဆုံး ပြီး နောက်ကျော ကျည်ထိမှန်ဒဏ်ရာရရှိသူတစ်ဦးနှင့် လက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိသူ တစ်ဦး စုစုပေါင်း ဒဏ်ရာရသူ ၂ ဦးရှိကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ကံပေါက်ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ ခန့်ပါသော ကား အကြီး ၂ စီးဖြင့် စစ်ကူလိုက်လာပြီး ကံပေါက်ရေတော်ပေါ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ဒေါနတပ်ခွဲ -၇ (DDT)နှင့် မဟာမိတ်များ ဖြစ် သော KAWTHOOLEI ARMY (ကော်သူလေးအာမီ) ၊ ရွှေဘီလုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ခရီးသွားမိဘပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့အကြား ပစ် ခတ်မှုများအချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း၊ စစ်ကောင် စီတပ်အနေဖြင့် ပြည်သူ့ကားများ အသုံး ပြု၍ ဟန်ဆောင်သွားလာနေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၆ အတွင်း ခရီးသွားလာခြင်းမပြုကြရန် အသိပေးတိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *