Yangon News

0 0
Read Time:2 Minute, 31 Second

ရန်ကုန်မြို့ကိုသိမ်းပိုက်နိုင်ရန် ဦးတည်တိုက်ခိုက်သွားမည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF ကြေ ညာ

 

D Day News

ဇူလိုင်လ ၂၂

 

ရန်ကုန်မြို့သိမ်းပိုက်နိုင်ရန် ဦးတည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF က ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ တရားထုတ်ပြန်ကြေညာလိုက်သည်။

 

ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ တောင်ပိုင်း တိုင်းအထူးစစ်ဒေသ၊ အထူးလက်ရုံးတပ်ဖွဲ့၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF – P2999 တည်ထောင် ခြင်း ၃ နှစ်ပြည့်အခမ်းအနားတွင် တရားဝင်ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် SOF တပ်ဖွဲ့အနေဖြင့် မြို့ပြ စစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင် ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးများကို ရန်ကုန် ၊ ဧရာ ဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင် မြို့တွင်းစစ်ဆင်ရေး ၆၂ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သား ၁၀၁ ဦးအထိ ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ကျေးလက်စစ်ဆင်ရေးအနေဖြင့် KNLA ၊ ဒရုန်းတပ်များ နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်း ၇၄ ကြိမ်ဆင်နွှဲ ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ရင်းအထိုင်စခန်း ၉ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ၃ နှစ် တာကာလ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၂၄၉ သေဆုံးကာ စစ်သုံပန်း ၁၅၀‌ ကျော်နှင့် လက်နက်မျိုးစုံ အလက် ၃၀၀ ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF အနေဖြင့် ကျေးလက်စစ်ဆင်ရေးတိုက်ပွဲများကို KNLA ၊ တော်လှန် ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ စစ်ဒေသ များတွင် တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရန်ကုန်ကို ဦးတည် လျက် မြို့သိမ်းတိုက်ပွဲများ အောင်မြင်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *