SAC News

0 0
Read Time:3 Minute, 29 Second

ယာယီသမ္မတဆိုတဲ့ နာမည်နဲ့ တိုင်းပြည်ကို ဆက်လက်ဖျက်ဆီးနေမည့် သမ္မတရူးမင်းအောင်လှိုင်

 

အယ်ဒီတာ့ အာဘော်

 

ကာချုပ်ဘဝကတည်းက သမ္မတ တက်လုပ်ချင်နေတဲ့ မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်နဲ့ အပေါင်းပါ ပါတီတွေ အနိုင်ရပြီး သမ္မတ လုပ်ရလိမ့်မယ်လို့ စိတ်ကူးယဉ်ထားခဲ့တာပါ။

 

အဲလိုစိတ်ကူးယဉ်ပြီး သူ့ဘာသာသူ ထမင်းရောင်းနေတဲ့ စာရင်းစစ်ချုပ် ဦးစိုးမောင်ကိုပါတီထောင်ခိုင်း ပြီး ရွေးကောက်ဝင်ပြိုင်စေခဲ့ပါတယ်။ မဲတွေကွဲသွားရင် NLD ပါတီဟာ ၇၅ ရာကျော် အနိုင်မရပဲ စစ် တပ်ကရွေးချယ်ထားတဲ့ကိုယ်စားလှယ်၊ ကြံ့ဖွတ်ပါတီနဲ့ အပေါင်းပါပါတီတွေက ကိုယ်စားလှယ် တွေနဲ့ ပေါင်းပြီး သမ္မတ တက်လုပ်ဖို့ မင်းအောင်လှိုင်က အကြီးကြီးကြံစည်ခဲ့တာပါ။

 

ဒါကို ပြည်သူလူထုတစ်ရပ်လုံးကလည်း သိနေခဲ့ပါတယ်။

 

ဒါ့ကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲ NLD နိုင်မှ ဖြစ်မယ်၊ ပြည်သူလူထုအပေါ် တစ်သက်လုံးက ကောက်ကွက်တစ်ကွက်မှ မရှိခဲ့တဲ့ ဒီစစ်တပ်အသိုင်းအဝိုင်း ပြန်ကြီးစိုးလာရင် နောင် ၁၀ နှစ် ခံစားကြ ရတော့မယ့် အခြေအနေကို သိမြင်ကြလို့ NLD ပါတီကို ပုံအောမဲပေးခဲ့ကြတာပါ။

 

ဒါ့ကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲထက် ရာခိုင်နှုန်းအသာနဲ့ ထပ်မံအနိုင်ရရှိခဲ့ခြင်းပါ။

 

ဒီလိုအနိုင်ရသွားတဲ့အပေါ် မင်းအောင်လှိုင်က ပြည်သူတွေလုံးဝ မကျေနပ်ခဲ့ပါဘူး။ ပြည်သူတွေမှ မဟုတ်ပါဘူး။ သူ့တပ်တွင်းမှာနေပြီး NLD ပါတီကို ထောက်ခံမဲပေးခဲ့သူတွေကို မကျေမနပ်ဖြစ်နေ တာပါ။

 

ဒါကြောင့် သူ့ကို သမ္မတ ခန့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ အဲဒီ ကာလက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သမ္မတခန့်ပေးလို့မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မင်း အောင်လှိုင်ကို ဒုသမ္မတအဖြစ် လုပ်ဖို့ အကြိမ်ကြိမ်ဖျောင်းဖျခဲ့တယ်လို့လည်း သိရပါတယ်။

 

အာဏာရမ္မက်လောဘကြီးတဲ့မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ညှိနှိုင်းမရတဲ့အဆုံး ရွေးကောက်ပွဲ မသမာဘူးဆိုတဲ့အကြောင်းပြ လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တော့တာပါပဲ။

 

သမ္မတရူးတဲ့ မင်းအောင်လှိုင်ဟာ အခုတော့ မြင့်ဆွေဆီမှာရှိတဲ့ အာဏာပါ ထပ်သိမ်းပြီး သူ့ကိုယ်သူ သမ္မတတင်မြှောက်လို့ နောက်ဆုံးသူဖြစ်ချင်တဲ့ ပန်းတိုင်ကိုတော့ ရောက်ရှိသွားပါပြီ။ ဒါပေမယ့် ဘယ် သူမှသူ့ကိုရွေးချယ်တင်မြှောက်လိုက်တာမဟုတ်ပါဘူး။

 

အာဏာရူးမင်း အောင်လှိုင်နဲ့အပေါင်းပါ လူတစ်စု တစ်တိုင်းပြည်လုံးက ပြည်သူတွေ ညီညီညာညာနဲ့ လက်တွဲပြီး နွေဦးတော်လှန်ရေးအရှိန်အဟုန်မြှင့် ဖြုတ်မချနိုင်သရွှေ့ မင်းအောင်လှိုင်ဟာ ယာယီ သမ္မတ ဆိုတဲ့ နာမည်နဲ့ တိုင်းပြည်ကို ဆက်လက်ဖျက်ဆီးနေဦးမည်ဖြစ်ပါကြောင်း။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *