အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းတိုးစရာ မလိုရန် ယာယီသမ္မတမြင့်ဆွေ ထံရှိ အာဏာကို ထပ်မံသိမ်းယူ
D Day News
ဇူလိုင်လ ၂၂
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းတိုးစရာ မလို တော့ရန် ယာယီသမ္မတမြင့်ဆွေ ထံ၌ရှိနေသော အာဏာကို ထပ်မံသိမ်းယူလိုက်ကြောင်းယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည့် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရ ကြောင်း၊ ထိုသို့သော ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန် အလိုငှာ ယာယီသမ္မတမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှ့င် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလ တို့တွင် ယာယီသမ္မတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ လွှဲပြောင်း ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ အကြောင်းစာပေးပို့လာခဲ့ကြောင်း မင်းအောင် လှိုင်ရုံးက ထုတ်ပြန်ထားသည်။
ထိုသု့ အကြောင်းကြားစာ ပေးပို့ပြီးနောက် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန် တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို အလိုငှာ ယာယီသမ္မ တာ ဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက် မှတ် ရေးထိုးစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ အရ ယာယီသမ္မတမြင့်ဆွေထံ အစီရင်ခံတင်ပြစရာလိုတော့ပဲ လွတ်လွတ်လပ်လပ် လိုသလိုချယ်လှယ်နိုင်သည့် အခွင့်အာဏာအားလုံးကို အပြည့်အဝထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
D Day News