Poem

0 0
Read Time:48 Second

ကဗျာ ကဏ္ဍ “အမွေ”

 

ပျိုးကြဲလက်

 

စံပယ်မှာ ကြေးစင်နှောလို့

ရောမိတဲ့ ရှေးကတောင်

ကြေးထုတ်လို့ပြောင် ။

မယုံနိုင်ပေါင် ဒီတောင်ကထူးကဲ ။

လူရူးတွေ လောဘတက်

ပျက်ခဲ့ပြီဘဲ ။

 

ဆန္ဒမှာ လောဘနှောလို့

မျှောခဲ့ကြ ဘိုးဘွားမွေ

ဆုံးခဲ့ရပေ ။

ကမ္ဘာမကြေ

မြန်မာတွေ နုံအ သေး ။

ပြည်တခွင် ဝန်းကျင်ဖျက်

လုပ်ရက်တယ်လေး ။

 

လူငယ်တွေ ပညာကိန်းလို့

ထိန်းသိမ်းကြ ဘိုးဘွားမွေ

တောတောင်ရေမြေ။

ပေါင်းစုလို့လေ

တို့ရေမြေ သန့်စေရေး ။

ညီထွေးကို လက်ဆင့်ကမ်း

လှမ်းကြစို့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၄ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *