International News

0 0
Read Time:3 Minute, 44 Second

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းမှ လွတ်မြောက်ရန် အလုပ်မှ ထွက်ခွာသူ ဦးရေ တနေ့ထက် တနေ့များပြားလာဟု လုပ်ငန်းကုမ္ပဏီများက အစီရင်ခံတင်ပြ

 

D Day News

ဇူလိုင်လ ၂၂

 

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းမှ လွတ်မြောက်ရန် အလုပ်မှ ထွက်ခွာသူ ဦး တနေ့တနေများပြးာလာသည်ဩု လုပ်ငန်းကုမ္ပဏီများက အစီရင်ခံတင်ပြထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ဇူလိုင်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၄ ခုနှစ် အဆင့် မြင့်အရာရှိကြီးများအဆင့်နိုင်ငံရေးရာ ဖိုရမ် ဆွေးနွေးပွဲ ကျင်းပခဲ့ရာယင်းကာလအတွင်း ဝန်ကြီး အ ဆင့် အထွေထွမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၂၃ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ (၈.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စစ်တပ်၏ အတင်းအဓမ္မ စစ်မှု ထမ် ခိုင်းခြင်းမှ လွတ်မြောက်နိုင်ရန် လူငယ်များသည် နိုင်ငံနေရာ အနှံ့အပြားတွင် ပြောင်းရွေ့ နေထိုင်ခြင်း၊ နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းတို့ကြောင့် အလုပ်မှ ထွက်ခွာသူဦးရေ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ကို လုပ်ငန်းကုမ္ပဏီများမှ အစီရင်ခံတင်ပြထားကြောင်း၊ ဝမ်းနည်းဖွယ်ရာအ ကောင်းဆုံးမှာ စစ်အာဏာရှင်များသည် တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ် ကျော်မှုခင်းများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

ဤအခြေအနေ အချက်အလက်များကို ပြီးခဲ့သည့်နှစ်များတလျှောက် စိတ်မချမ်းမြေ့စွာဖြင့် အဆက်မ ပြတ် ပြောကြားနေခဲ့ပြီး ယခင်ကရရှိထားသော စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုမှုများသည် စစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆုတ်ယုတ်သွားသည်မှာ လျစ်လျူရှု၍ မရအောင် လွန်စွာသိသာ ထင်ရှားလွန်းကြောင်း၊ စစ်တပ်၏ ခွဲခြားမှုမရှိ မြင်တွေ့ရာ ပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့၏ မြန်မာပြည်သူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှု အပေါ် တစိုက်မတ်မတ် ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံ တွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ခြင်းသည်သာလျှင် ငြိမ်းချမ်းရေးရရှိရေး၊ တာဝန်ခံမှုရှိသော အားလုံးပါဝင် သော အဖွဲ့ အစည်းများ ပေါ်ပေါက်ရေးအတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင် မည်ဖြစ်ပြီး နိုင်ငံ တကာ အသိုက်အဝန်းမှ မြန်မာပြည်သူများအား ချန်မထားပဲ စစ်တပ်အပေါ် ထိရောက်သော အရေး ယူဆောင်ရွက် မှုများ၊ မြန်နာပြည်သူများအပေါ် ပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကူညီပေး ရန် မေတ္တာ ရပ်ခံခဲ့သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *