International News

0 0
Read Time:3 Minute, 5 Second

မြန်မာနိုင်ငံရှိ ဆိုက်ဘာလိမ်လည်မှုများတွင် မလေးရှားနိုင်ငံ၏ ဒုဝန်ကြီးဟောင်းနှင့် ဆက်စပ်သူများ ပါဝင်ပတ်နေပြီး စုံစမ်းဖော်ထုတ်စစ်ဆေးပေးရန် Justic For Myanmar တောင်းဆို

 

D Day News

ဇူလိုင်လ ၂၂

 

မြန်မာနိုင်ငံရှိ ဆိုင်ဘာလိမ်လည်မှုများတွင် မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်း Mashitah Ibrahim ၊ သူမ၏ခင်ပွန်းဖြစ်သူ Abdul Shakor bin Abu Bakar နှင့် 14K ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင် ဟောင်း Wan Kuok-koi (သွားကျိုးဟုလည်း လူသိများသူ) တို့ ပါဝင်ပတ်သက်နေပြီး မလေးရှားအစိုး ရအနေဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရန် Justic For Myanmar က တောင်းဆိုလိုက်သည်။

 

၎င်းတို့သည် မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးတစ်ခုဖြစ်သည့် Dongmei Park လုပ်ငန်းတွင် စီပွားမိတ်ဖက်များ ဖြစ်ကြပြီး ၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ ဆက်နွှယ်ပတ်သက်မှုများအတွက် စုံစမ်း စစ်ဆေးမှု ခံရမည့်အစား၊ ၎င်းတို့သည် မလေးရှားထိပ်ပိုင်းနိုင်ငံရေးသမားများ၊ ရဲအရာရှိများနှင့် ဆက် လက် ဆက်သွယ် ဝင်ဆံ့ နေနိုင်ဆဲပင် ဖြစ်ကြောင်း သိရသည်။

Dongmei Park ကို Mashitah Ibrahim၊ Abdul Shakor နှင့် အခြားမလေးရှားစီးပွားရေးသမားများ နှင့် အတူ Wan Kuok-koi က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး Abdul Shakor က ဒါရိုက်တာအဖြစ် ပါဝင် သည့် ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ Dongmei Group သည် မလေးရှားနိုင်ငံတွင် လုပ်ငန်းလည် ပတ်လုပ် ကိုင်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံလုပ်ငန်းကြီးအတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများထံမှ ဘဏ္ဍာငွေများ ရှာဖွေပေးခဲ့ပြီး ယင်းကုမ္ပဏီကိုလည်းအမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားကြောင်း သိရသည်။

 

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Deduktif အစီရင်ခံစာတွင် Mashitah Ibrahim နှင့်Abdul Shakor တို့ မိသားစုနှင့် မြန်မာသူဌေးကြီးများအကြား ခရစ်တိုငွေကြေးပေးချေမှုဆက်နွှယ်မှုများကို ဖော်ထုတ် ခဲ့ပြီး Mashitah Ibrahim နှင့် Abudl Shakor တို့၏ သားဖြစ်သူ Muhammad Wafi သည် ခရစ်တိုငွေ ကြေးလုပ်ငန်း Meta X DAO မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းလုပ်ငန်း၏ အစောပိုင်းရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးလည်းဖြစ်သူ၊ Dongmei Park တည် ထောင်ရာတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးလည်းဖြစ်သည့် Dato Sri Liong Kee Huat သည် အခြား အီလစ်များနှင့်အတူ အဆိုပါအခမ်းအနားကို အတူတကွ တက်ရောက်ခဲ့ကြပြီး Wafi သည် မြဝတီ ခရီးစဉ် အတွင်း မြန်မာသူဌေးကြီးများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
100 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *