Singu News

0 0
Read Time:4 Minute, 30 Second

ကျေးရွာများကို မီးရှို့ရာတွင် တိုင်းမှူးများက အမိန့်ပေးခဲ့ဟု စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသူ ဒုဗမကအောင်မင်းကို ဝန်ခံထွက်ဆို (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၁

 

ပြည်သူပိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးရာ သက်ဆိုင်ရာတိုင်းမှူးများ၏ အမိန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသူ ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကိုက ဝန်ခံထွက်ဆိုသည်။

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သည့် ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်ကောင်စီတပ်မှ အရာရှိကြီးများကို မိုးကုတ်ဗျူဟာ အမှတ် ၁၂၂ တပ်ရင်း တာဝန်ရှိသူများက တွေ့ ဆုံပြီးပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းရာတွင် ၎င်းက ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွာတွေကို မီးရှို့တဲ့ဖြစ်စဉ်တွေကတော့ သက်ဆိုင်ရာ တိုင်းအလိုက်တိုင်းမှူးတွေနဲ့ပဲဆိုင်မယ်ထင်ပါ တယ်။တချို့ဟာတွေကျတော့ တိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေရဲ့ Command ပေးမှုကြောင့် လုပ်တာ လို့ယူဆပါတယ်။ ပြောရရင်တော့ မထူးပါဘူး။ Command ရထားပြီးသားမို့ရှို့တာပါ” ဟု ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို က ဝန်ခံပြောကြားသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့က စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၄ ဦး၊ တပ်သား ၉ ဦး၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့မှ စခန်းမှူး ၂ ဦး (စဉ့်ကူး၊ လက်ပံလှ စခန်းတို့မှ စခန်းမှူးများ)ပျူစောထီးခေါင်းဆောင်များကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စဉ့်ကူးမြို့နယ် ရေတော်ပျူစောထီးခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်း ဇီးပင်ကုန်း ပျူစောထီး ခေါင်းဆောင်ထွန်းလင်း စသည့် စဉ့်ကူးမြို့နယ်တကြော ပြည်သူ့အပေါ် အဓမ္မ ဖမ်းဆီး ၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြသော ပျူခေါင်းဆောင်များအပါအဝင် ပျူစောထီး လက်နက်ကိုင် များကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း အမှတ် ၁၂၂၂ တပ်ရင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားသသည်။

 

အဆိုပါ ဖမ်းဆီးရရှိသည့် စစ်သုံ့ပမ်းများကို အမှတ်-၁၂၂၂ တပ်ရင်း တာဝန်ခံနှင့် တပ်ရင်းမှူးမှ စစ် ကောင်စီတပ်ရှိ အရာရှိအရာခံများနှင့် ပြောဆိုမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ကာ တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းခဲ့ ကြောင်း သိသည်။

 

“ဒီမှာရောက်ရှိနေတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေအကုန်လုံးက စဉ့်ကူးမြို့နယ်မြို့သိမ်းတိုက်ပွဲမှာ စဉ့်ကူးမြစ်ကတစ်ဖက် ဧရာဝတီမြစ်ကတဖက် ဖြစ်နေတဲ့အတွက် ဒီမြစ်ကို ခုန်ချတဲ့အခါမှာ သူတို့ လည်းဘယ်လိုမှ မတတ်သာတဲ့အဆုံး သူတို့မြို့ကိုစွန့်ပြီး ပြေးရတဲ့အခါမှာ ကျနော်တို့ဆီမှာရောက် လာပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့အခါ လူတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံပေးတယ်။” ဟု အမှတ် ၁၂၂၂ တပ်ရင်းမှူး ရဲဘော် ဒိုးလေးက ပြောကြားသည်။

 

ဖမ်းဆီးရရှိသူစစ်တပ်အရာရှိများကို အမှတ် ၁၂၂၂ တပ်ရင်းတာဝန်ရှိသူများက အကြမ်းဖက်စစ်တပ် အရာရှိများလုပ်ငန်းအတွေ့အကြုံ၊ ပြည်သူတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ ကျေးရွာများမီးရှို့ဖျက် ဆီးမှုများနှင့်ပတ်သက်၍ မေးမြန်းထား ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၉ ရက်နေ့တွင် မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်း မှ ဖမ်းဆီးရရှိသည့် ဒုဗိုလ်မှူးကို အောင်မင်းကိုအပါအဝင် စစ်သုံ့ပန်းများကို MDY PDF သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *