Nat Mauk News

0 0
Read Time:3 Minute, 19 Second

နတ်မောက်မြို့နယ်၊ စစ်မှုထမ်းရန် ပေါ်တာဆွဲနေသော စစ်တပ်ကား တစ်စီးကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၂၁

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို လှည့်လည်ကာ ပေါ်တာဆွဲနေ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နတ်မောက် ပကဖထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နတ်မောက်မြို့ပေါ်မှ အိမ်စီးကားဖြင့်ထွက်လာပြီး နတ်မောက်မြို့နယ်မြေက်ဘက်ခြမ်းရှိ ကျေးရွာများကို လှည့်ပတ်ပေါ်တာဆွဲ အတင်းအဓမ္မစစ်သား စု ဆောင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စိုင်းခေါင်းကျေးရွာအနီးအရောက်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သူတို့ကားပေါက်စနဲ့ ပေါ်တာဆွဲတာ၊ ရေနီရွာနဲ့ကွင်းသူကြီးရွာကြားထဲမှာ ကျနော်တို့အဖွဲ့ကနေ မိုင်း ဆွဲပြီး‌တော့ လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာ၊ အချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ကြာတယ်။ သူတို့ ဘက်တော့ ၄ ယောက်သေတယ်လို့တော့ သိရတယ်၊ နတ်မောက်မြို့နေ နတ်မောက်မြောက်ဘက်က ရွာတွေကို ပေါ်တာဆွဲနေတဲ့ကားပါ။ သူတို့က စစ်ကားအကြီးတွေနဲ့ မဆွဲတော့ဘူး။ အိမ်စီးကား အ သေး လေးတွေနဲ့ ပေါ်တာဆွဲတော့တာ၊ လစ်ရင်လစ်တဲ့သူတွေဆွဲနေတာ၊ ၃ ယောက်ရရ၊ ၅ ယောက် ရရ သူတို့က အဲလိုပေါ်တာဆွဲတော့တာ” ဟု နတ်မောက်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

Photo – ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲနေကြောင်း သတင်းအရ သတ်မှတ်ထားသည့်နေရာသို့ သွားရောက်ချိန် အကြမ်းဖက်စစ်သားများလည်း အဆိုပါ နေရာသို့ ကွက်တိရောက်ရှိနေသဖြင့် အလျှင်အမြန်မိုင်းဆွဲကာ အတင်းတိုးဝင်ပစ်ခတ်တိုက်ခိုက်ခဲ့ရ ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး နောက်အကြမ်းဖက်စစ်သားများ အင်အားထပ်တိုးပြီး ထပ်မံ စစ် ကြောင်းထွက်လာနေသည်ဟု သတင်းရရှိသဖြင့် ထပ်မံတိုက်ခိုက်နိုင်ရန် အသင့်စောင့်နေကြောင်း သိရသည်။

 

“မိုင်းဆွဲပြီးတော့ သူတို့က နတ်မောက်ဘက်သို့ ဆက်မောင်းပြေးသွားတယ်၊ ကျနော်တို့အဖွဲ့တွေ လည်း ပြန်ဆုတ်လာခဲ့ပြီ၊ ဒါပေမယ့် သူတို့အဖွဲ့တွေက အခုနောက်ထပ် စိုင်ခေါင်းဘက်နေ ထပ်တက် လာတယ်သတင်းရလို့ အဲဒီနေရာကို ထပ်သွားနေတာ” ဟု နတ်မောက်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖ ၊ မြို့သစ် ပကဖ ၊ 903 တပ်ရင်း တပ်ခွဲ ၁ ၊ ဂဠုန် PDF နတ်မောက် ၊ ကျားသစ်နက်တပ်ရင်း ၊ 902 တပ်ရင်း ၊ BO.1 နှင့် ကြိုးကြာနီတပ်ရင်းတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *