AA News

0 0
Read Time:5 Minute, 1 Second

ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ပြည်သူ ၇ ဦးကို အကြမ်းဖက်စစ်တပ် နှင့်လက်အောက်ခံ မူဆလင်များက သတ်ဖြတ်

 

D Day News

ဇူလိုင်လ ၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုးအပြစ်မဲ့ ပြည်သူ ၇ ဦး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ မူဆလင်များက အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီ ကယ် ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး ၇ ဦးတို့ မျှစ်ချိုးရန် ထွက်သွားပြီးနောက် တစ်ရက် ကြာမြင့်သည် အထိ စခန်းသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် အရက္ခတပ်တော် -AA ထံအကြောင်းကြားခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် အာရက္ခတပ်တော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများစုပေါင်းပြီး ပျောက်ဆုံး နေသူတို့ သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ရာ ဘူးသီး တောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာ များဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်း တို့ ၃ ဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အခြားသူများဖြစ်သည့် ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦးတို့ကို လည်း ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင်ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကို ကျေးရွာအနီး၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ၇ ဦးမှာ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြပြီး ရိုးရိုးသားသား လုပ်ကိုင်စား သောက်နေကြသူများဖြစ်ကြောင်း၊ ဝမ်းရေးအတွက် ဟင်းစားရှာဖွေရန် သွားရောက်ကြစဉ် အကြမ်း ဖက် ဖက်ဆစ်စစ်ကောင်စီမှ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်း ရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ထားသည်။

 

သတ်ဖြတ်ခံရသူပြည်သူ ၇ ဦး၏ ရုပ်အလောင်းများကို အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့်ပူး ပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက် ပေးအပ်ခဲ့ကြောင်း၊ သေဆုံးသွားခဲ့ရသော ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အပြစ်မဲ့ပြည်သူ ၇ ဦး၏ မိသားစုများနှင့် ထပ်တူ မိမိတိုမှ ဝမ်းနည်းရပါကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုသည်။

 

ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက် သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများ သွားလာသည့် လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှိဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင် အိမ်များအား ဖောက်ထွင်း လုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင် ခြင်းများကို အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန် သတိပေးထားသည်။

 

အဆိုပါ သတ်ဖြတ်မှု ကျူးလွန်သူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေး ယူသွားမည်ဖြစ်သည့် အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံ ရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံပြန်မှုမျိုးဖြင့် တုံပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *