Shwe Bo News

0 0
Read Time:3 Minute, 32 Second

ရွှေဘိုမြို့နယ်၊ ညောင်ပင်လှဘုန်းကြီးကျောင်းအနီးတွင် ပျူ ၄ ဦးကို တိုက်ခိုက်မှု ပျူခေါင်းဆောင်ပါ ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှရွာဘုန်းကြီးကျောင်းအနီးတွင် ပျူများကို စောင့်ကြိုပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်သန်းဇော်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲ ယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၇ ရက် နံနက် ၆ နာရီခန့်က ညောင်ပင်လှပျူခေါင်းဆောင် သန်းဇော် ဦးဆောင်ပြီး ထွက် လာသော ပျူ ၄ ဦးကို ညောင်ပင်လှဘုန်းကြီးအနီးအရောက် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ခေါင်းဆောင် သန်းဇော်နှင့် နောက်လိုက် ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“ထွက်လာတာက ၄ ဦးပါ၊ နှစ်ဦးက နောက်မှာ ကျန်ခဲ့တာ၊ သူတို့ဆောက်ထားတဲ့ ဘန်ကာထဲနေ ပြီး စောင့်ကြိုခဲ့တာ၊ ရှေ့တက်လာတဲ့ နှစ်ယောက်ကို မီတာ ၂၀ အကွာကနေ ပစ်တာ၊ ထိတာက ၃ ယောက် တစ်ယောက်က လက်နက်မကောက်နိုင်ခဲ့ဘူး။ ပျူခေါင်းဆောင် သန်းဇော်နဲ့ ထောက်ပို့ တပ်ကြပ်မင်းမင်းဆိုသူက တစ်ခါတည်း လဲကျသွားတာ၊ စစ်တပ်အထိုင်စခန်းနဲ့လည်း နီးနေတော့ ဝေးနေတဲ့ တစ်ယောက်ဆီကသေနတ်သွားမကောက်နိုင်ခဲ့ဘူး။” ဟု ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်ကြီးက ပြောကြားသည်။

သေဆုံးသွားသော ပျူများထံမှMA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက်ကျည် ၁၅ တောင့် ၊ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ကျည် ၁၇၃ တောင့် ၊ အီကွေးမန့် အသေး တစ်ခု
ဘေးလွယ်အိတ် တစ်လုံး ၊ သော့တစ်ချောင်း icon တစ်လုံး ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်းတစ်လုံး နှင့် ငွေ တစ်သောင်းကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ T Shwebo ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့- ဗိုလ်ကျားရိုင်း – ရွှေဘို ပြည်သူကာကွယ်ရေးအဖွဲ့၊ ကိုကျော်ပွားအဖွဲ့၊ Speical Troop Of Anyar Revolution အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ S.T.A.R နှင့် Bo Ba Tawအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

နောင်များတွင်လည်းယခုထက်ပိုမိုကောင်းမွန်သော တိုက်ပွဲများကို ဆတ်လတ်ဖော်​ဆောင်သွား မည် ဖြစ်ပြီး တိုက်ပွဲများဆတ်လက်ဖော်ဆောင်ရာတွင် လိုအပ်နေသော လက်နက်ခဲယမ်းများကို မိဘပြည် သူများမှ ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် မိဘပြည်သူများအား ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲ၊ ပျူနှင့် အကြမ်းဖက်စစ်တပ်ထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *