Seikphyu News

0 0
Read Time:3 Minute, 46 Second

ဆိပ်ဖြူမြို့နယ်၊ လေယာဉ်ဆီတင်ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ လေ ယာဉ်ဆီကား တိုက်ခိုက်ခံရမှုကို မကျေနပ်သဖြင့် အနီးအနားရှိ ကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူ

 

D Day News

ဇူလိုင်လ ၂၀

 

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ဆော- ဆိတ်ဖြူလမ်းပိုင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ် အနီး တွင် လေယာဉ်ဆီတင်ကားကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Caf-Spupdf တပ်ဖွဲ့ထံ မှ သိရသည်။

 

ဇူလိုင်လ ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့ သွားရောက်သည့် လုံခြုံရေး စစ်သား ၅ စီးလိုက်ပါလာသော လေယာဉ်ဆီတင်ကားတစ်စီးကို ဆော-ဆိပ်ဖြူလမ်းပိုင်း၊ အကြမ်းဖက်စစ်ကောင်စီ၏‌ လေကြောင်း ရန်ကာကွယ်ရေးတပ်အနီးအရောက် မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူကနေ ကပစ ၂၁ ကို သွားတဲ့ လေယာဉ်ဆီတင်ကားပါ၊ ကားမီးလောင်တဲ့အထိ တိုက်ခိုက် နိုင်ခဲ့ပါတယ်၊ ကားကအရှိန်လွန်ပြီး လေကြောင်းရန်တပ်နားအထိ ရောက်သွားတော့ တပ်ကူတွေ ရောက်လာတာနဲ့ ပြန်ဆုတ်ခဲ့ရတာပါ။ တိုက်တုန်းကတော့ လက်နက်ရဖို့အထိတိုက်ခဲ့တာ။ မိုင်းဆွဲ တာက ကားမီးလောင်တယ်၊ ၂ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်။” ဟု Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကို မကျေနပ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇူလိုင်လ ၁၆ ရက် နံနက် ၅ နာရီ အချိန်တွင် အင်အား ၆၀ ခန့်ဖြင့် အနီးအနားရှိ ကျစ်ပြင်ကျေးရွာအတွင်းသို့ ဝင် ရောက်ကာ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ဆိုင်ကယ်များ၊ ငွေသား သိန်း ၁၀၀ ကျော်တို့ကို ယူဆောင်သွားကြောင်း၊ထိုသို့ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခိုးယူလသော အကြမ်းဖက်စစ်သားများကို ရွာပြင်အထွက်မှ စောင့် ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာ ထပ်မံဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို NUG အစိုးရ ၊ ကာကွယ်ရေး၀န်ကြီးဌာန Caf-Spupdf ပခုက္ကူခရိုင် အ မှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ခွဲ ၁ မှ တပ်စုမှူး တစ်ဦး လက်နက်ကြီးစထိမှန်(မစိုးရိမ်ရ)ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ အညာက အလှူရှင်နည်းတော့ တော်လှန်ရေး ကြာနေတာပါ၊ တိုင်းရင်းသားဒေသတွေလို လက်နက်ကိုင်တွေကို မလှူတော့ တိုက်ပွဲတိုက်ရ၊ လက်နက်ခဲယမ်းပြန်စုရနဲ့ အတော်လေးခက်ခဲပါ တယ်။ ကျနော်တို့ လှုပ်ရှားနေရတာဆိုရင် တပ်နားပတ်ချာလည်တွေလှုပ်ရှားနေရတာ၊ လေကြောင်း ရန်နဲ့ ဝင်ယူတပ် တောင်ဘက်မြောက်ဘက်ပဲ။ အဲဒါကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *