Myingyan News

0 0
Read Time:1 Minute, 29 Second

မြင်းခြံမြို့၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု စစ်သား၊ ပျူ ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် အကြမ်းဖက် စစ် သားများ တပ်စွဲထားရာနေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း 8 Star မြင်းခြံပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူရွာ၊ မြင်းခြံမြို့ရှောင်လမ်း၊ ဇီးခြံအနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်တို့ကို Shar Htoo waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီးများကဲ ချတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task Force(AFTF)နှင့် Freedom Fighter Guerrilla Force (FFGF) အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *