MNDAA News

0 0
Read Time:2 Minute, 33 Second

လားရှိုးမြို့နှင့်သိန္နီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်မှု ပြည်သူ ၉ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့်သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁၈ ရက် ညနေ ၄ နာရီ ၃၇ မိနစ်အချိန်က သိန္နီမြို့ပေါ်ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများတွင် ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၃ ဦးမှာ စိုးရိမ်စရာမရှိပဲ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် သိန္နီခရိုင်ကော်မတီနှင့် ဒေသခံတပ်များက ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ စီစဉ်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရသူ များကို မဟာမိတ်တပ်များ နောက်တန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

အလားတူ ယမန်နေ့ ဇူလိုင်လ ၁၉ ရက် ည သန်းခေါင်ယံ ၁၂ နာရီအချိန်ကလည်း လားရှို့ပြင် ၁၃ မိုင် နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ပွဲ ချင်းပြီး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၄ နာရီခန့်ကလည်း သိန္နီမြို့နယ်၊ ကြယ်ဝှဒေသကို အကြမ်း ဖက်စစ် ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကြဲချခဲ့ရာ တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိ‌သော် လည်း တစ်လုံးမှာ လယ်တမံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စပါးခင်းများနှင့် သီများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လူနေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *