Min Hla News

0 0
Read Time:2 Minute, 37 Second

မင်းလှမြို့နယ်တွင် စစ်တပ်ဖမ်းဆီးထားသည့် အုပ်ချုပ်ရေးမှူးနေရာဝင်ရောက်တာဝန်ယူသူ ကျော် မင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထား သည့်  အုပ်ချုပ်ရေးမှူး နေရာအား အစားထိုး တာဝန်ယူသူ ကျော်မင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာ အ ကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ကျော်မင်းအောင်ကို မင်းလှမြို့နယ် ရှားဖြူ ကွင်းရွာနှင့် လက်ပံတန်းမြို့နယ် စီတုန်းရွာကြား၌ ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့် ၂ ချက်ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၆ ရဲဘော်များ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ ကျော်မင်းအောင်သည် ပျူသင်တန်း တက်ထားသည့် အကြမ်းဖက်စစ်တပ် ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်​လှန်​ရေးရဲဘော်များ၏ အချက်အလက်များနှင့် စခန်းနေရာများကို အ ကြမ်းဖက်စစ်တပ်ထံ သတင်းပို့တိုင်ကြားမှုကြောင့် စခန်းစီးနင်းခံရကာ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရ ကြောင်း ၊ ထို့အပြင် ပြည်သူ အကြမ်းဖက်စစ်တပ်ထံ မမှန်သတင်းပေး တိုင်ကြားမှုကြောင့် ပြည် သူအချို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ၊ ထို့ကြောင့် ၎င်းကို ပစ်ခတ်ရှင်းလင်းအရေးယူရခြင်းဖြစ် ကြောင်း သာယဝတီခရိုင် တပ်ရင်း ၃၈၀၂ က ပြောဆိုထားသည်။

 

သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မိဘပြည်သူလူထုအား ဒုက္ခ ပေးနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အလျင်းသင့်သလို ရှင်းလင်းသွားမည် ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၎င်းတို့အနီးအနားတွင် သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို ကြိုတင် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *