Chaung U News

0 0
Read Time:2 Minute, 15 Second

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာ အကြမ်းဖက်စစ် တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်မှ ၁ နာရီ ၃၀ မိနစ်အချိန်အထိ ချောင်းဦး မြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ နတ်ရေကန်ကျေးရွာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို “Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1 kg AIR BOMB ၈ လုံး ကျ ချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂိတ်စခန်းမှာက အင်အား ၄၀ လောက်ရှိအုံးမယ်၊ ချနေတုန်းက ပြန်ပစ်တာမျိုးတော့မရှိဘူး။ ချပြီး တော့မှ ထွက်လာကြသေးတယ်။စစ်ကြောင်းထွက်လာတာမျိုးတော့မဟုတ်ဘူး။ အရင်ကတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိ၊ ဒရုန်းချပြီးမှ ဒရုန်းချတဲ့ဘက်ကို စစ်ကြောင်းထွက် လာသလိုပုံစံမျိုးထွက်လာတာ၊ ၂ ဦးသေပြီး ၃ ဦးသေတာတော့ အတည်ဖြစ်တယ်၊ ဒဏ်ရာရတဲ့ ဆေး ရုံပို့လား၊ မပို့လားတော့ မသိရဘူး” စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမိတ္ထီလာ Special Defence Force ၊ ချောင်းဦးမြို့နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *