Nyaung U News

0 0
Read Time:2 Minute, 38 Second

 ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာအုပ်စု အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းထွန်း (ခ) သာဒွေး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၁၉

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းထွန်း (ခ) သာဒွေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ည ၉ နာရီခန့်က ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန်စုဆောင်းခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ကျေးရွာနေပြည်သူများထံမှ မတရားဆက်ကြေးကောက်ခံခြင်း တို့လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး သိန်းထွန်း(ခ)သာဒွေးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“မနေ့ညက ၉ နာရီလောက် သူ့အိမ်ထဲမှာပဲ ဝင်ရှင်းခဲ့တာ၊ လက်နက်အတိုရှိတယ်လို့တော့ သတင်းရ ထားတယ်၊ လက်တွေ့တော့ ရှာမတွေ့ခဲ့ဘူး။ မနက်မှ သူ့အလောင်းကို ပရဟိတ ကားနဲ့ လာကောက် သွားတာ၊ ငါ့သရောက်ရဲစခန်းက အရပ်ဝတ်နဲ့ လာတာ” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ ကိုဇီးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ငါ့သရောက်မြို့နယ်ခွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲ များနှင့် ပူးပေါင်းကာ ပြည်သူလူထုအပေါ် မတရား ဆက်ကြေးကောက်နေသည့် အထွေထွေအုပ် ချုပ်ရေးဌာန ဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်ကို ရပ်တန့်ကြရန်၊ ရပ်တန့် ခြင်းမရှိပဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *