Myaing News

0 0
Read Time:2 Minute, 35 Second

မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်ချေမှုန်းရန် 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ဖွဲ့စည်း (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်ချေမှုန်းနိုင်ရေးရန် 8+အညာမြေ စစ်ဆင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း Myaing Villages People’s Revolution Force – M.V.P RF ထံမှ သိရသည်။

 

ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲအစည်းများဖြစ်ကြသော အလင်းတန်းပျောက်ကြားတပ်ဖွဲ့ – မြိုင်၊ Scopion People Defence Force ၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ UAV Fighter ၊ Phoenix People Defence Force ၊ အောင်ကျော်ဌေး ပြောက်ကျားတပ်ဖွဲ့၊ မဟူရာအလင်းတန်းတပ်ဖွဲ့နှင့် Myaing Villages People’s Revolution Force – M.V.P RFတို့ ပူး ပေါင်းပြီး 8+ အညာမြေစစ်ဆင်ရေးမဟာမိတ်အင်အားစုများ သဘောတူလက်မှတ်ရေးထိုးကာ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပျူရွာတွေ၊ စခန်းတွေ၊ စစ်ကြောင်းတွေကို အရှိန်မြင့်တိုက်ခိုက်ဖို့အတွက် ဖွဲ့စည်းလိုက်တာပါ၊ အဖွဲ့ အစည်းထဲမှာဆိုရင် Drone စစ်ဆင်ရေးပါမယ်။ ချေမှုန်းရေးပါမယ်၊တစ်ခုခခုဆိုတာနဲ့ အတူတကွ ပူး ပေါင်းပြီး လုပ်ဆောင်သွားဖို့ ဖွဲ့စည်းလိုက်ကြတာ၊အားသာချက်ကတော့ ညီညီညွတ်ညွတ်ဆောင် ရွက်ဖို့ရယ်၊ လိုအပ်တယ်အခါ လှမ်းခေါ်စရာမလိုပဲ အတူတူရှိနေတာပေါ့၊ နောက်ပိုင်းစစ်ဆင်ရေးတွေ ကို အရှိန်မြင့်မြင့်နဲ့ အဆက်မပြတ်လုပ်သွားဖို့ပါ” ဟု Myaing Villages People’s Revolution Force – M.V.P RF မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

8+အညာမြေစစ်ဆင်ရေးမဟာမိတ်အင်အားစုများအနေဖြင့် အချက် ၈ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်ချေမှုန်းရာတွင် တော်လှန်ရေး ရဲဘော် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း စည်းလုံးညီညွတ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ရန်၊ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို အလျင်အမြန် တိုက် ခိုက်ချေမှုန်းသွားရန် ရည်ရွယ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *