Myaing News

0 0
Read Time:5 Minute, 58 Second

မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာ၊ သရက်ကန်ပျူစောထီးကျေးရွာနှင့် ရိက္ခာပို့စစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ဦးထက်မနည်းသေဆုံး

 

  • ရိက္ခာပို့စစ်ကြောင်းက အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ ဓမ္မာရုံနှင့် နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီး

 

D Day News

ဇူလိုင်လ ၁၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာ၊ သရက်ကန်ပျူစောထီးကျေးနှင့် စစ်တပ် ရိက္ခာ ပို့စစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ် ရိက္ခာပို့စစ်ကြောင်းက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ ဓမ္မာရုံနှင့် နေအိမ် ၂၉ လုံးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အလင်းတန်းပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံမှ သိရသည်။

 

ဇူလိုင်လ ၃ ရက် ညနေပိုင်းက တွင်းမပျူစောထီးကျေးရွာအတွင်းမှ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာတွင် ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၄ ရက် ည ၈ နာရီခန့် တွင်လည်း တွင်းမ ပျူစောထီးကျေးရွာ လက်ပံပင်တိုက်မြောက်ဘက်အထွက်၌ အကြမ်းဖက်စစ်သား ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သားအလောင်းကို ပြည်သူပိုင် နေအိမ်တစ်လုံးပေါ်တင်ကာ မီးရှို့ပစ်ခဲ့ကြောင်း၊ ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီခန့်တွင်လည်း ယင်း အကြမ်းဖက်စစ်သားများကို ဒရုန်းလေယာဉ်များဖြင့် အီနာဂါဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ အော်ဟစ်ပြေးသွားနေပြီး သေဆုံးထိခိုက်မှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာအတွင်းသို့ အလင်း တန်း ပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ 1 kg အီနာဂါဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ် သား၊ ပျူစောထီး ထိခိုက်သေဆုံးမှု သိရှိရခြင်း မရှိသေးပေ။

 

ပခုက္ကူမြို့မှ ထွက်လာပြီး တွင်းမပျူစောထီးကျေးရွာအတွင်းသို့ ရောက်ရှိနေသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းသည် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး ပြည်သူပိုင် ဆိတ်၊ နွားနှင့် အခြားစားသောက်ဖွယ်ရာများ ခိုးယူကာ လူနေ အိမ် ၂၉ လုံးနှင့် ဓမ္မာရုံကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် ကာ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးပြီး တွင်းမပျူစော ထီးကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

 

ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခန့်ကစ၍ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန် ပျူစောထီးကျေးရွာ အတွင်းသို့ ဝင်ရောက်လာသော တွင်းမကျေးရွာမှ အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းနှင့် ပျူ စောထီးများ ရောက်ရှိနေစဉ် အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ အီနာဂါဗုံးသီး 1Kg ၅ လုံး ၊ 800 ဂရမ် ၆ လုံး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိပြီး ထမ်းစင်များဖြင့် တွင်းမပျူစောထီးကျေးရွာထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် တွင်းမပျူစောထီးကျေးရွာအတွင်းရှိ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို 1 kg အီနာဂါ ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် သရက်ကန်ပျူစောထီးကျေး ရွာမှ တွင်းမပျူစောထီး ကျေးရွာသို့ ရိက္ခာယူ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု သတင်းရရှိသဖြင့် 1 kg အီနာဂါ ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၇ ရက် ည ၈ နာရီခန့်က တွင်းမပျူစောထီးကျေးရွာအတွင်းမှ မြောက်ဘက်သို့ ထွက်လာ သောအကြမ်းဖက်စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ စောထီးများ ထိခိုက်မှုရှိပြီး တွင်းမကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

 

ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် တွင်းမပျူစောထီးကျေး ရွာအတွင်း၌ ဆက်လက်ရှိနေဆဲဖြစ်ပြီး အလင်းတန်း ပြောက်ကျးတပ်အဖွဲ့အနေဖြင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို တိုက်ခိုက်ရေးခေါင်းဆောင် ကိုချမ်းမှ ပုံဖော် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *