Min Hla News

0 0
Read Time:2 Minute, 47 Second

မင်းလှမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ခြိမ်းခြောက်လူစုနေသော အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၁၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ခြိမ်းခြေက်လူစုနေ သော ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် မင်းလှမြို့ဘက်သို့ ဆိုင်ကယ်စီးလာသည့် မင်း လှမြို့နယ်၊ ချောင်းနားကျေးရွာတွင် နေထိုင်သူ ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးကို ဇရစ်ချောင်းရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်၌ သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးထံမှ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၂၆ တောင့်၊ ငွေကျပ် ၈၀၀၀၀ နှင့် အခြားသက်သေခံကတ်ပြားများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ၏ ရဲဘော်များမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အောင်မြင့်ဦး သည် စစ်တပ်ထောက်တိုင် အမာခံတဦးဖြစ်ကာ လူငယ်များအား စစ်မှုထမ်း ရန် ခြိမ်းခြောက်လူစုကာ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူများ အား ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီထံ တော်​လှန်​ရေးရဲဘော်ဖွဲ့များ၏     သတင်းများ​အား ထောက်​လှမ်း​ပေးပို့ခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ဆက်လက်၍လည်း မင်းလှမြိုနယ်အတွင်းက လူငယ်များအားစစ်မှုထမ်းရန် အတင်းအကြပ် လူစုနေ သူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *