Taung Tha News

0 0
Read Time:2 Minute, 51 Second

တောင်သာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် ဂိတ်အထိုင်စခန်းများကို တိုက်ခိုက်မှု ခမရ ၁၅ မှ အရာခံဗိုလ်များအပါအဝင် ၁၄ ဦး အရှင်ဖမ်းမိ

 

D Day News

ဇူလိုင်လ ၁၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ဂိတ်အထိုင်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခမရ ၁၅ တပ်ရင်းမှ အရာခံဗိုလ်များအပါအဝင် ၁၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ – MDA 3 ထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အင်အား ၃၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော တောင်သာမြို့နယ်၊ ဇဂျမ်း – နတ်စောင့်ရွာ အထိုင်ချ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့အပြင် တောင်သာမြို့မှ စစ်ကူထွက်လာသည့် ကားများကို တောင်သာမြို့အထွက် မြေဖြူကုန်း – မိုးနှောင်းကင်းလမ်း ကားလမ်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်ရင်းမှ ဒုအရာခံဗိုလ်များ၊ တပ်ကြပ်ကြီးများ၊ ဒုတပ်ကြပ်များ၊ စစ်သူနာပြု တစ်ဦး၊ အရာရှိ ကတော် တစ်ဦး တို့အပါအဝင် ၁၄ အပါအဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရ သည်။

အလားတူ ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် တောင်သာ -မြင်းခြံနယ်ခြားတိုးဂိတ်ရှိ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၄၅ ဦးဖြင့် အထိုင်းချထားသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြင်းခြံမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်သားများကိုလည်း ကုလားကန်ကွေ့အရောက် ဖြတ် တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်တောင်သာမြို့အဝင်ရှိ မကျီးရိုးအထိုင်စခန်းကိုလည်း Fixed Wings Drone များဖြင့် Drop Bomb များ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို  မြင်းခြံခရိုင်တပ်ရင်း ၃ MDA 3 တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း၊ အမှတ် ၉ တပ်ရင်း ၊ မြင်းခြံမြို့နယ် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ ၊ စွန်ရဲပြောက်ကျား တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့နှင့် ညောင်ဦးခရိုင်တပ်ရင်း ၅ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *