Pakokku News

0 0
Read Time:2 Minute, 30 Second

ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို သိမ်းပိုက်မှု ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ၊ လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင် သာ ပျူစောထီးကျေးရွာစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး ကာ ၁၀ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများထံမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက် ၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက် ၊ ရှော့ဂန်းသေနတ် ၁ လက် ၊ ဝင်ချက်စတာ သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင်ကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း သိရသည်။

“စခန်းသိမ်းပိုက်နိုင်ခဲ့တာ၊ ထွက်ပြေးတာတွေလည်းရှိတယ်။ စစ်ကူလာတာ မရှိပါဘူး” ဟု Young Force UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) (အမှတ် ၈၁၅ စစ်ဒေသ) ၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် BLY ပြည်သူ့ကာကွယ် ရေးအဖွဲ့ ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပခုက္ကူမြို့နယ် စုဖွဲ့မှု တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *