Myingyan News

0 0
Read Time:3 Minute, 14 Second

မြင်းခြံမြို့နယ်၊ တောင်ရှေ့တိုးဂိတ်၊စစ်ကူစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၇

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်အစပ်ရှိ တောင်ရှေ့တိုး ဂိတ်နှင့် စစ် ကူ စစ်ကြောင်းတို့ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၄ ဦးသေဆုံး ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲအမှတ် (၁၈၄၈) တပ်ဖွဲ့ တို့ထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက်နေ့က မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်အစပ်ရှိ တောင်ရှေ့ဂိတ်ကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၂၇ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင်မြင်းခြံမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို လမ်း ကြောင်းဖြတ်တောက်ရေးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၁၀ ရက်နေ့၌ မြင်းခြံ မြို့နယ်၊ ကွမ်းစိုက်ရွာနှင့် တောင်ရှေ့ရွာကြားသို့ ထွက်လာ သော အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

“မိုင်းဆွဲခဲ့တာက လက်ဝဲရွာကို မီးရှို့တဲ့ စခစစ်ကြောင်းပဲ၊ တောင်ရှေ့ဂိတ်ကို တိုက်ခိုက်ခဲ့တာက စခ ၂၇ ဦးသေတာ၊ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေက စိုးရိမ်စရာမရှိပါဘူး၊ လက်ရှိအနေအထားမှာ တပ်ဖွဲ့လိုအပ်ချက်တွေ အများကြီးရှိသေးလို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း တောင်ရှေ့ ဂိတ်တိုက်ပွဲတွင် MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦးနှင့် အခြား မဟာမိတ်တပ်ဖွဲ့များမှလည်း ထိခိုက်မှု အချို့ရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ မြင်း ခြံခရိုင်အမှတ် (၂)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း၊ တောင် သာမြို့နယ် ပကဖ ၊ မြင်းခြံမြို့နယ်ပကဖ ၊ မလှိုင်မြို့နယ်ပကဖ ၊ နွားထိုးကြီးမြို့နယ်ပကဖ ၊ ဗိုလ်စား ပျောက်ကြားတပ်ဖွဲ့နှင့် စွန်ရဲပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *