TNLA News

0 0
Read Time:2 Minute, 51 Second

အပစ်အခတ်ယာယီရပ်စဲထားသော်လည်း စစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၆

 

ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းတပ်မတော်အနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သာများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၊ ၂၂ ရက်မြောက်နေ့တွင် မိုးမိတ်မြို့ရှိ အကြမ်း ဖက်စစ်ကောင်စီ၏ စကခ ၂၁ ၊ ခလရ ၂၇၆ တပ်ဖွဲ့ဝင်များသည် စစ်ကူဖြည့်တင်းပြီ ထိုးစစ်ဆင်လာ သဖြင့် တောင်ကိုင်းရွာ အနီးတဝိုက်၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီထံ လက်နက် ၁၁ လက်၊ 60 MM ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တအာင်းတပ်မတော် TNLA ၊ PLA PDF ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေရာသို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၂၅ မိနစ်တွင် တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့ နယ် ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ည ၉ နာရီ ၁၅ မိနစ် အချိန်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ရေဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ဒရုန်း ဖြင့် ၂ ကြိမ်၊ လက်နက်ကြီးဖြင့် ၃ ကြိမ် တစ်ဖက်သတ် ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ် ကွက်နှင့် ပန်းမရွာသို့ ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ည ၈ နာရီ ၅၆ မိနစ် အချိန်တွင် လက်နက်ကြီးဖြင့် စုစုပေါင်း ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
100 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *