NUG News

0 0
Read Time:4 Minute, 41 Second

စစ်ကောင်စီသည် ရွှေဆိုင်ပိုင်ရှင်၊ ဆန်ကုန်သည်ပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီး ကာ ကယောင်ချောက်ချားဖြင့် ထင်ရာစိုင်းနေသည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင် သန်း ပြော

 

D Day News

ဇူလိုင်လ ၁၆

 

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ရွှေဆိုင်ပိုင်ရှင်၊ ဆန်ကုန်သည်ပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီး ကာ ကယောင်ချောက်ချားဖြင့် ထင်ရာစိုင်းနေသည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည် ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက် ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကို လည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေ ပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ် အောင် လုပ်ဆောင်နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင် အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲ ဆွယ်နေတာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကျဆုံးခြင်းနှင့်အတူ တိုင်းပြည်ကိုလည်း အဆုံးအထိ ဆွဲချရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့်လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်း ရမ်းကားနေသည့် စစ်ကောင်စီနှင့် တွေ့ကြုံနေရသည့် အချိန်တွင် ရေကြီးရေလျှံဖြစ်ပေါ်ကာ ပိုမိုဒုက္ခ ရောက်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့် သလိုပဲ ဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင် သန်း ကပြောဆိုသည်။

 

NUG အစိုးရအနေဖြင့် စစ်ရေးအရှိန်မြှင့်မှုများ၏ နောက်ဆက်တွဲဖြစ်သည့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စ များ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်ဖြစ် ကြောင်း၊ နိုင်ငံ၏ ပထဝီအနေအထား၊ ရှည်လျားသည့် သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စ အ ဖြေရှာရာတွင် ရှုတ်ထွေးခက်ခဲနိုင်ကြောင်း အသိပေးထားသည်။

 

“ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အ တွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင်တန်ဖိုးရှိ တဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ် လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။” NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *