Kyaik Ma Yaw Jail News

0 0
Read Time:3 Minute, 23 Second

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား(၅)ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင် တွင်း ပုဒ်မ များစွာဖြင့် အမှုရင်ဆိုင်နေရ

 

D Day News

ဇူလိုင်လ ၁၆

 

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက်တိုက်ပိတ်ခံရ ထားပြီး တောင်တွင်းပုဒ်မများဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က မွန်ပြည်နယ် ညွန်ကြားရေးမှူး ဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ကျဉ်းများကိုဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင် များသို့ ထောင်ပြောင်းပို့ဆောင်ခဲ့ပြီး နောက် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူများကို အပြောင်းအလဲ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေး ကျော်သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ်ကျော်ဇင်အောင် မှ တာဝန်ယူ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း သိရသည်။

 

ဇွန်လ၂၅ ရက်နေ့ ညနေတန်းပိတ်ထားချိန်တွင် ဦးစီးမှူး ကျော်ဇင်အောင်ဦးဆောင်သည့် ဝန်ထမ်းအင် အား ၂၀ ခန့်သည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင်(၁၉-စ)၊ ကိုအောင်ဇော်မင်း (၅၂ က)၊ ညီညီ (၅၂က)၊ ကိုဇာနည်အောင် (၅၂ က)၊ ကိုနန္ဒအောင်လင်း (၅၀ည) တို့အား အင်အားသုံး ၍ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လာ‌ရောက်ခေါ်ဆောင်ချိန်တွင် အကျဉ်းဦးစီးဘက်မှ ခိုင်မာသည့် အကြောင်းပြချက်မပေးပဲ အ တင်း ဆွဲခေါ်ထုတ်ခဲ့သည့် အတွက် နိုင်ငံရေးအကျဉ်းသားများမှ ပြန်လည်ရုန်းထွက်ခဲ့ရာ ထောင်ဝန် ထမ်းများက လေးခွများ၊ နံပါတ်တုတ်များနှင့် ရိုက်နှက်၍ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကျဉ်းသား ၅ ဦးသည် ယခုလက်ရှိအချိန်ထိ ခေါ်ဆောင်ရိုက်နှက်၍ တိုက်ပိတ်ခြင်း ခံထားရသည့်အပြင် ထောင်အာဏာပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါ နိုင်ကျဉ်း (၅) ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁)/လာရောက်ခေါ်ဆောင် ချိန်တွင် အသာတကြည်မလိုက်ပဲ ခုခံသည်ဟုဆိုကာ ပုဒ်မ(၂၂၄) နှင့်တရားစွဲဆိုထားပြီး အခြား ပုဒ်မ များဖြင့်လည်း မတရားအမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ထုတ်ပြန်အသိပေးထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *