International News

0 0
Read Time:13 Minute, 19 Second

မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း တို့ကို နိုင်ငံတကာမှ ပူးပေါင်း ၍ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် မြန်မာပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄ဝ မှ တိုက်တွန်း တောင်းဆို

 

D Day News

ဇူလိုင်လ ၁၆

 

မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း တို့ကို နိုင်ငံတကာမှ ပူးပေါင်း ၍ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် မြန်မာပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄ဝ မှ တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်.

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းရန် ကြိုးစားချိန်မှ စ၍ မြန်မာစစ်အုပ်စုသည် အရပ်သား ပြည်သူ ၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပဋိပက္ခများနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် ပြည်သူ ၃ သန်းကျော်သည် နေရပ်အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

 

“ခေါင်းဖြတ်ခြင်း၊ ညနက်သန်းခေါင် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လူအများ အိပ်စက်နေချိန်အိမ်များကို မီးတင်ရှို့ခြင်း၊ စသည့် ဆိုးရွားသော စစ်နည်းဗျူဟာများကို အသုံးပြုနေသည့် အကြောင်းများကို ကျွန်ုပ်တို့ ကြားနေရပါသည်။ အသက်ဘေးအတွက် ပြေးလွှားနေရသည့် ပြည်သူများကိုလည်း သေ နတ်များဖြင့် ပစ်ခတ်သည်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတုခ်က လူ့အခွင့် အရေး ကောင်စီကို ပြီးခဲ့သည့် လက ပြောကြားခဲ့ကြောင်း သိရသည်။

 

စစ်အုပ်စုသည် အရပ်သားပြည်သူကို ပစ်မှတ်ထားသော လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင့် ပြုလုပ်လာသည် ဟု ဆိုသည်။

 

အာဏာသိမ်းရန် ကြိုးစားချိန်ကတည်းက စစ်အုပ်စုသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ အထူး သဖြင့် နိုင်ငံပိုင်ဘဏ်များ၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ မှ ဝင်ငွေများ ကို အသုံးပြုပြီး လက်နက် များနှင့် လေယာဉ်ဆီ ဝယ်ယူနိုင်ခြင်း စသည့် နိုင်ငံတကာမှ ဘဏ္ဍာရေး စနစ်များကို အသုံးပြုခွင့် ရရှိ နေခြင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးအရ ထောက်ပံ့နေခြင်းပင် ဖြစ် သည်။

EU သည် မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း (MOGE) အား ဖေဖော်ဝါရီ ၂၁ ရက်တွင် ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့ကာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးခန့် ဖြတ်တောက်ခဲ့သော် လည်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှု ရပ်တန့်ခြင်းမရှိခဲ့ပေ။

 

အမေရိကန်သည်လည်း MOGE MOGE နှ နှင့် PTT Group ကို တစိတ်တပိုင်း ပိတ်ဆို့အရေးယူ ထား သော်လည်း ထိုင်း အစိုးရပိုင် ရုပ်ကြွင်း လောင်စာလုပ်ငန်းစုသည် မြန်မာစစ်အုပ်စု ထိန်းချုပ်ထား သော MOGE အကောင့်များထဲသို့ လစဉ် သဘာဝဓာတ်ငွေ့ ၀င်ငွေ သန်းဆယ်ချီကို ဆက်လက်ပေး ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြား ကုန် သွယ်မှု ဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကို ဒဏ် ခတ်ပိတ်ဆို့အရေးယူရန် မြန်မာ အရပ်ဘက် အဖွဲ့အစည်းများထံမှ တောင်းဆိုချက်များကို နောက်ပိုင်း တွင် သတိပြုလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘဏ်များကို အရေးယူ ပိတ်ဆို့မှုများသည် ရှေ့ဆက်တိုးနိုင်မည့် ခြေလှမ်းတရပ်ဖြစ်သော် လည်း စစ်အုပ်စုက မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (MADB) သို့ ပြောင်းလဲ အသုံးပြုသွားနိုင်ချေများ ရှိလာကြောင်း၊ EU နှင့် UK တို့သည် အဆိုပါ ဘဏ်များကို ပိတ် ဆို့အရေးယူရန် ပျက်ကွက်ခဲ့သော်လည်း ကနေဒါနှင့် ဩစတြေးလျတို့က MFTB နှင့် MICB တို့ကိုသာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ၏ အစီရင်ခံစာတွင် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ အပါ အ၀င် စစ်ဘက်ဆိုင်ရာ ၀ယ်ယူရေးကိစ္စများကို ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသော ဘဏ္ဍာရေး အဖွဲ့အစည်းများကို ဖော်ထုတ်ခြင်းနှင့် ဓာတ်ငွေ့ ၀င်ငွေ၏ ဆက်တိုက် အရေးပါမှုကို အတည်ပြုပြီး မြန်မာနိုင်ငံသို့ မည်သို့ ၀င်ရောက်ရှိနေပုံကို ပိုမိုရှင်းလင်းစွာ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

ကုလအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် အချက်နှစ်ချက် ဖော်ပြထားပြီး ပထမတချက်အနေ ဖြင့် နိုင်ငံတကာ၏ အရေးယူ ဆောင်ရွက်ချက်များသည် စစ်အုပ်စုများ၏ ထောက်ပံ့ရေးကွင်းဆက် များကို ထိထိ ရောက်ရောက် နှောင့်ယှက်နိုင်ကြောင်း၊ စစ်အုပ်စု ၏ ဘဏ္ဍာရေးနှစ် ၂၀၂၂  ခုနှစ်မှ ၂၀၂၃ အထိ စစ်ဘက်ဆိုင်ရာ ဝယ်ယူမှုမှာ ၁ ၃ ၃၃% ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားပြီး စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် စင်ကာပူ ဘဏ်များမှ ပံ့ပိုးပေးသော စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု ပမာဏမှာလည်း သိသိသာသာ ကျဆင်းသွားသည်ကို ပြသကြောင်း သိရသည်။

 

သို့သော်လည်း စစ်အုပ်စုသည် ပိတ်ဆို့အရေးယူမှုများအကြား ယိုပေါက်များကို အသုံးပြုကာ ၎င်း တို့လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် လမ်းဖွင့်ထားသော နိုင်ငံများသို့ ပြောင်းရွှေ့ ဝယ်ယူနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ အထူးသဖြင့် စင်ကာပူဘဏ်များ အနေဖြင့် စစ်အုပ် စစ်အုပ်စုနှင့် ၎င်းတို့၏ ပတ်သက်မှုကို ဖြတ်တောက်သည်နှင့် တပြိုင်နက် ထိုင်းဘဏ်များ များက ထိုကွက်လပ်ကို အစားထိုးဖြည့်ဆည်းလာခဲ့ကြောင်း သိရသည်။

 

အထူးသဖြင့် “Siam Commercial Bank သည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် မြန်မာစစ်တပ် ၏ ဝယ်ယူမှု များနှင့်ပတ်သက်သည့် ငွေလွှဲပြောင်းမှုကို အမေရိကန်ဒေါ်လာ ၅ သန်းကျော်သာ လုပ်ဆောင်ခဲ့သော် လည်း ၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်အထိ ရောက်ရှိခဲ့ကြေင်း သိရ သည်။

 

မြန်မာစီးပွားရေးဘဏ် (MEB) သည် စစ်လက်နက်များဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေး ဝန် ဆောင်မှုများ အသုံးပြုနိုင်ရန် စစ်အုပ်စုအတွက် အဓိကဆောင်ရွက်ပေးသည့် လမ်းကြောင်းဖြစ်လာ ခဲ့ကြောင်း သိရသည်။

 

၂ဝ၂၃ ခုနှစ်တွင် ထိုင်းကုမ္ပဏီများသည် ထိုင်းဘဏ်များကို အသုံးပြုလျက် အမေရိကန်ဒေါ်လာ သန်း ၈ဝ တန်ဖိုးရှိ လေယာဉ်ဆီများ ကို ရောင်းချပေးခဲ့ရာ စစ်အုပ်စုက ထိုလေယာဉ်ဆီများဖြင့် မြန်မာပြည် သူလူထုကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုင်းဘဏ်များမှတဆင့် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ စီးဝင်နေသော PTT အုပ်စုမှ ဓာတ်ငွေ့ ဝင်ငွေများသည် စစ်အုပ်စု၏ တခုတည်းသော အကြီးမားဆုံး ဘဏ္ဍာရင်းမြစ်ဖြစ် ကြောင်း သိရသည်။

 

ကုလအထူးကိုယ်စားလှယ်၏ မကြာသေးခင်က ထုတ်ပြန်သော ထုတ်ပြန်ချက်နှင့် စင်ကာပူအစိုးရ၏ ဆက်တိုက် ဖိအား ပေးမှုများကို တုံ့ပြန်သည့်အနေဖြင့် စင်ကာပူဘဏ်များသည် စစ်အုပ်စုနှင့် ပတ် သက်မှုကို သိသာစွာ ဖြတ်တောက်ခဲ့သော်လည်း ထိုကွက်လပ်ကို ထိုင်းဘဏ်များအနေဖြင့် ဝင် ရောက် နေရာယူလာပုံကိုလည်း ထုတ်ဖော် ပြောဆိုထားကြောင်း သိရသည်။

 

အာဆီယံသည် ၎င်း၏ အလုပ်မဖြစ်သော ဘုံသဘောတူညီချက် (၅) ချက်နှင့် အမည်ခံ မစွက်ဖက် ရေးမူကို ဆက်လက် ဆုပ်ကိုင်ထားစဉ် ထိုင်းနိုင်ငံအနေဖြင့် PTT နှင့် ထိုင်းဘဏ်များကို စစ်အုပ်စုအား ငွေကြေးထောက်ပံ့မှုများကို ခွင့်ပြုထားကြောင်း၊ ထို့အပြင် ထိုင်းဘဏ်များနှင့် ကုမ္ပဏီများသည် စစ် အုပ်စုကို စစ်လက်နက်နှင့် လေယာဉ်ဆီများ ရရှိအောင် လုပ်ဆောင်ပေးနေသည်ကို ထိုင်းအစိုးရ အနေဖြင့် ခွင့်ပြုထားကြောင်း သိရသည်။

 

နိုင်ငံတကာ အစုအဖွဲ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်နေစဉ်တွင် ကြီးမားသော လစ်ဟာမှုများ ဆက်လက်ကျန်နေသေးကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြထား သည်။

 

ကုလအထူးကိုယ်စားလှယ်၏ လမ်းညွှန်အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ရန် နိုင်ငံတကာအစု အဖွဲ့များကို တောင်းဆိုကြောင်း၊ အထူးသဖြင့် စစ်အုပ်စု ထိန်းချုပ်ထားသော နိုင်ငံပိုင်ဘဏ်များ၊ ဓာတ်ငွေ့ကဏ္ဍနှင့် လေယာဉ်ဆီတို့ကို ညှိနှိုင်းပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန်ဖြစ် ကြောင်း ဆက်လက်ပြောဆိုထားသည်။

 

အမေရိကန် အစိုးရအနေဖြင့် မြန်မာ့စီးပွားရေး ဘဏ် (MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့ကို ချက်ချင်း အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရဖြစ်ကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အပြည့်အဝ အရေးယူပိတ်ဆို့ ရမည်ဖြစ်ကြောင်း တောင်းဆိုထား သည်။

 

ကုလလုံခြုံရေး ကောင်စီ၊ ယူကေနှင့် ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းအနေဖြင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB), မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB), မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)တို့အား အရေးယူ ပိတ်ဆို့မှုပြုလုပ်ခြင်းနှင့် ဥရောပသမဂ္ဂ၏ MOGE အား အရေးယူပိတ်ဆို့မှု ဦးဆောင်မှု နောက်သို့ လိုက်ပါလုပ်ဆောင်စေလိုကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

 

PTT အုပ်စုနှင့်ထိုင်းဘဏ်များ၏ မြန်မာစစ်အုပ်စုကို ကျောထောက်နောက်ခံပြုထားပေးမှုကို ခွင့်ပြု ထားသည့် ထိုင်းအစိုးရ မူဝါဒကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကိုင်တွယ်ဖြေရှင်းရန်နှင့် ထိုင်းအစိုးရ အနေဖြင့် စစ်အုပ်စု၏ နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုများနှင့် ဓာတ်ငွေ့ခွန်များ ရယူနေမှုကို ဖြတ် တောက် ခြင်းဖြင့် အရေးယူပိတ်ဆို့မှုများကို ပံ့ပိုးပေးရန် ဆက်လက်တောင်းဆိုထားသည်။

 

ထို့အပြင် ထိုင်းအစိုးရ အနေဖြင့် ထိုင်းဘဏ်များက စစ်အုပ်စု၏ လက်နက်နှင့် လေယာဉ်ဆီဝယ်ယူမှု များကို အကူအညီ မပေးခြင်းဖြင့် စင်ကာပူ၏ ဦးဆောင်မှုအတိုင်း သွားပေးပါရန်၊ စီးပွားရေးနှင့် လူ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက် စည်းမျဉ်းများကို လိုက်နာပြီး မြန်မာစစ်အုပ်စုကို အ ထောက်အပံ့ပေးနေသည့် ငွေကြးလွှဲပြောင်းမှုအားလုံးကို ရပ်တန့်ရန် ထိုင်းဘဏ်များကို တောင်းဆို ထားသည်။

 

မြန်မာ လူမှုအသိုင်းအဝိုင်း အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရနှင့် ထိုင်း ရှေ့သို့ ချီပါတီ၏ တောင်းဆိုမှုများနှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုလုပ်နေမှုကို ရပ်တန့်ရန်နှင့် ဓာတ်ငွေ့ ငွေကြေးများကို စစ်အုပ်စု ထံလွှဲပြောင်းမှုများ ဆက်လက် မလုပ်ဆောင်ရန် PTT အုပ်စုကို တောင်းဆိုကြောင်း၊ PTT တွင် ရင်းနှီးမြှုပ်နှံထားသူများ အနေဖြင့် လည်း Norwegian Sovereign Wealth Fund နှင့် Robeco တို့၏ ဦးဆောင်မှု နောက်သို့ လိုက်ပါရန် နှင့် မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်နေသည့် PTT အုပ်စုမှ ထွက်ခွာ ရန် တောင်းဆိုကြောင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *