Depeyin News

0 0
Read Time:3 Minute, 2 Second

ဒီပဲယင်းမြို့မရဲစခန်းထဲမှ ထွက်လာသည့် စစ်သား၊ ပျူများကို တိုခိုက်မှုထွေ အုပ်ဝန်ထမ်း တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မရဲစခန်းထဲမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ဒီပဲယင်းမြို့မရဲစခန်းအတွင်းမှ ကင်းပုန်း ဝပ်ရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ဒေသနေပျူများ ပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ထွေအုပ် ဝန်ထမ်း တစ်ဦးအပါအဝင် ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“သူတို့က မြို့မရဲစခန်းထဲကနေ ကင်းပုန်းဝပ်တဲ့နေရာသွားဖို့၊ ကျနော်တို့က မြို့မရဲစခန်းထိပ်ကနေ ကင်းပုန်းဝပ်ပြီးစောင့်ပစ်တာ၊ စခန်းနဲ့ဆိုရင် နီးနီးလေးပဲ၊ ထွက်လာတာက ၃ ယောက်ပဲ ထွက်လာ တာ၊ တကယ်တမ်းဆိုရင် သူတို့က ကင်းယူမယ့်နေရာကိုသွားဖို့က လူ ၂၀ လောက်ထွက်ဖို့ပဲ၊ သူတို့ ထွက်ထွက်လာချင်းမှာ ဆီးပြီးပစ်တာဆိုတော့ ပစ်ကွင်းထဲကို ဝင်လာတာက ရှေ့ဆုံးက ၃ ယောက် ပေါ့၊ ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ၃ ယောက်ပေါ့၊ အဲဒီ ၃ ယောက်ကို ပစ်ပြီး သူတို့ကာဘိုင် သေနတ် ၂ လက်ကို ပြေးကောက်ယူနိုင်ခဲ့တာ။ ရဲစခန်းနဲ့နီးနီးလေးဆိုတော့ အတော်ပစ်ယူလိုက်ရ တယ် ” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ကာဘိုင်သေနတ် ၂ လက်ကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေး အဖွဲ့မှ ဦးစီး၍ ဒီပဲယင်းပကဖ တိုက်နယ် ၁/၂/၃၊ ရေဦးမြို့နယ် ပ.က.ဖ (Galaxy Force) ၊ ရေဦးမြို့ နယ် ပကဖ (ဖီးနစ် တပ်ခွဲ) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA)၊ ရန်ကြီးအောင်LDF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *