Taung Tha News

0 0
Read Time:3 Minute, 31 Second

တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူ၂ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အပါအဝင် ၄ ဦးကို လက်နက် ၁၀ လက်နှင့်အတူဖမ်းမိ

 

D Day News

ဇူလိုင်လ ၁၅

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ပျူခေါင်းဆောင်အပါအဝင် ၄ ဦးကို လက်နက် ၁၀ လက်နှင့်အတူ ဖမ်းမိခဲ့ ကြောင်း တောင်သာမြို့နယ်ပကဖထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် နံနက် ၅ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် တောင်သာမြို့နယ်၊ ကျွဲ တလင်းရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ပျူ ၂ ဦးသေဆုံးကာ ပျူခေါင်းဆောင်အပါအဝင် ၄ ဦးကို လက်နက် ၁၀ လက်၊ ကျည်အမြောက်အများနှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ကျန်စစ်သား၊ ပျူများမှာ လက်နက်ချထွက်ပြေး သွားကြောင်း သိရသည်။

“မနက်အစောပိုင်း ၄ နာရီခွဲလောက်က ပျူစခန်းကိုကပ်တယ်၊ ၅ နာရီလောက်မှာ စတိုက်ကြတာ၊ ၆ နာရီခွဲ ၇ နာရီဝန်းကျင်လောက်မှာ သိမ်းနိုင်တယ်၊ တိုက်ပွဲချိန်က ၁ နာရီခွဲ ၂ နာရီလောက်ကြာတယ်။ သေတာက ၂ ကောင်သေတာ၊ ကျန်တဲ့သူတွေက လက်နက်ချပြီးထွက်ပြေးကြတာ၊ အဲဒီရွာရဲ့ ပတ် ပတ်လည်က တောင်တွေ၊တောင်တွေရိုးတွေကောင်းတော့ လိုက်ပြီမချေမှုန်းနိုင်လိုက်ဘူး။ သူတို့ ဆီ မှာ က လက်နက်တော့မပါသွားဘူး။ လက်နက် ၁၀ လက်နဲ့ခဲယမ်းတွေအမြောက်အများရခဲ့တယ်။ ဖမ်းမိတဲ့အထဲမှာ ပျူခေါင်းဆောင်ပါတယ်။ အဲဒီရွာက စစ်တပ်ထောက်ခံတဲ့သူတွေများတယ်၊ အဲဒီရွာ လူတွေက အခုလက်ရှိစစ်တပ်ထဲမှာကို စစ်ဗိုလ်တွေ၊ စစ်သားသားသမီးတွေများတယ်၊ ပျူခေါင်း ဆောင်အိမ်နေအိမ်ကနေ ပြန်လည်ခုခံလို့ လက်နက်ကြီးနဲ့ထုလိုက်တာမီးစွဲလောင်သွားတယ်၊ ကျန်တဲ့ အိမ်တွေတော့ မီးလောင်တာမရှိပါဘူး။ စစ်တပ်က ညနေလောက်မှ ရောက်လာပြီး ပြည်သူ့နေအိမ် ၂  လုံးကို ထပ်ပြီးမီးရှို့သွားတယ်၊ အခုလက်ရှိအဲဒီရွာမှာက ပျူရော စစ်ခွေးရောမရှိတော့ဘူး” ဟု တောင်သာမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သာ ပလဖ ၊ နေပြည် တော် တပ်ရင်းအမှတ် ၈၀၁ ၊ ညောာင်ဦးခရိုင်တပ်ရင်း နှင့် မိတ္ထီလာမြို့နယ် ပကဖ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျွဲတလင်းပျူရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အရေးပါသော တပ်စခန်း တစ်ခုဖြစ်ပြီး ညနေပိုင်းတွင် ရောက်ရှိလာပြီးနောက် တပ်စွဲနေထိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာသွား ကြောင်း၊ ယခုအခါပြည်သူများလွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *