Sagaing News

0 0
Read Time:4 Minute, 45 Second

အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့်မဟုတ်ပဲ ဖမ်းဆီး၊ သတ်ဖြတ်၊ ခြိမ်းခြောက်ခံရမှုများနှင့် ပတ်သက်၍ NUG အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပေးရန် တိုက်တွန်း

 

D Day News

ဇူလိုင်လ ၁၅

 

အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့်မဟုတ်ပဲ ဖမ်းဆီး၊ သတ်ဖြတ်၊ ခြိမ်းခြောက်ခံရမှုများနှင့် ပတ်သက်၍ NUG အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပေးရန် စစ်ကိုင်း ဖိုရမ်က ထုတ်ပြန်ထား သည်။

 

ဇူလိုင် ၈ ရက်တွင် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာ၌ သမဂ္ဂအဖွဲ့ ဝင် ကျောင်း သားလူငယ် တစ်ဦး ရက်စက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း၊ အလားတူ ၂၀၂၄ ဖေဖော်ဝါရီလ ၂၆ ရက်က လည်း အဆိုပါ ဝက်လက်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးအား တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးမှ လူ ငယ်သဘာဝ ချစ်ခန်း၊ကြိုက်ခန်းဆိုင်ရာ အာဃာတကြောင့် မိန်းကလေး၏ မိသားစုရှေ့မှာပင် ပစ် ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

နွေဦးတော်လှန်ရေး (၃)နှစ်ကျော်ကာလ၌ စစ်ကိုင်းတိုင်းပြည်သူများအနေဖြင့် ရန်သူ့စစ်ကောင်စီ လက်ချက် မဟုတ်သည့် ခြိမ်းခြောက်ခံရမှု၊ ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ရှင်းလင်းခံရမှုများ မြောက်များ စွာကြုံတွေ့နေရပြီး အများစုမှာ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရခြင်း၊ ပုဂ္ဂိုလ် ရေးအငြိုးအတေး များ အပေါ်အခြေခံခြင်းနှင့် ပစ္စည်းဥစ္စာလုယက်ယူငင်လိုခြင်းစသည့် အကြောင်းအရင်းများကြောင့် ဖြစ်သည်ဟု လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။

Photo – ဝက်လက်မြို့နယ်တွင် ဇူလိုင်လ ၈ ရက်နေ့က သတ်ဖြတ်ခံရသည့် ဗကသကျောင်းသား ရဲဘော် ကိုမြင့်မြတ်ဦး နာရေးအခမ်းအနား

ကျူးလွန်သူများမှာ ဒုစရိုက်သမားများအပါအဝင် (ကျူးလွန်သည့်ဖြစ်စဉ်အလိုက်) နယ်ပယ်စုံမှ ဖြစ် နိုင်သည်ဟု ခန့်မှန်းရပြီး အဆိုပါကျူးလွန်မှုများအပေါ် ထိရောက်စွာ အပြစ်ပေး၊ အရေးယူနိုင်မှု အား နည်း နေသေးသမျှ လက်နက်မဲ့အရပ်သားပြည်သူများ၏ လူမှုဘဝလုံခြုံမှု အခြေအနေသည် ဆိုးရွား စွာ ခြိမ်းခြောက်ခံနေရမည် ဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်က သတိပေးထားသည်။

 

ပြည်သူများမှာ ရိုင်းစိုင်း ယုတ်မာသည့် အာဏာရူး စစ်ဘီလူးများ၏ဒဏ်ကို အပြင်းထန်ဆုံးခံနေရချိန် တဖက်တွင်လည်း ရန်သူ့လက်ချက်မဟုတ်သည့် ထိခိုက်နစ်နာမှုများလည်းကြုံတွေ့နေကြရရာ အား ကိုးရာမဲ့ အမှောင်မိုက်ဆုံးကာလကြီးကို ဖြတ်သန်းနေကြရပြီ ဖြစ်ကြောင်း ထောက်ပြပြောဆိုထား သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့်ကြားကာလ စစ်ကိုင်းတိုင်း၏ ဒေသန္တရ အုပ်ချုပ်ရေးကို ဗဟိုမှတိုက်ရိုက် တာဝန်ယူဖော်ဆောင်နေသည့်အလျောက် တိုင်းတွင်း လက်နက်မဲ့အရပ်သား၊ အခွန် ထမ်းပြည်သူများ၏ လူမှုဘဝလုံခြုံရေးအတွက် အပြည့်အဝ တာဝန် ရှိကြောင်း စစ်ကိုင်းဖိုရမ်က ပြောကြားသည်။

 

ရန်သူက ရန်သူ့အလုပ်လုပ်နေသည်မှာ အပြတ်ချေမှုန်းရမည့်သူများ ဖြစ်သည့် အတွက် ထည့်သွင်း ပြောဆို ရန် မရှိသော်လည်း NUG အနေဖြင့် စစ်ကိုင်းပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသည့် ရန်သူ့ လက်ချက်မဟုတ်သည့် ထိခိုက်နစ်နာမှုများကို ချုပ်ငြိမ်းပပျောက် စေရေးနှင့် ကျူးလွန်သူများကို ဖော် ထုတ်အရေးယူနိုင်ရေး ယခုထက်ပို၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းထား သည်။

 

ထို့အပြင် ဗဟိုမှတိုက်ရိုက် တာဝန်ယူစီမံနေသည့် ဒေသန္တရ အုပ်ချုပ်ရေးပုံစံကိုပါ ပြန်လည်သုံးသပ် ရန် စစ်ကိုင်းဖိုရမ်က တောင်းဆိုထားသည်။

 

ပြည်သူသာအဓိက၊ ပြည်သူသာ အခရာဖြစ်သည့်အားလျော်စွာ စစ်သုံးစစ်ကို လက်နက်ကိုင် တိုက် ထုတ် နေကြသည့် တော်လှန်တပ်ဖွဲ့အသီးသီးသည်လည်း အရပ်သားပြည်သူများ၏ ဒုက္ခ၊ အခက်အခဲ များကို စာနာရိုင်းပင်းလျက် ရန်သူ့လက်ချက်မဟုတ်သည့် ထိခိုက်နစ်နာမှုများတွင် မိမိတို့၏တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်၊ကျူးလွန်မှုမရှိစေရေး အထူးအလေးထား ကွပ်ကဲ၊ကြပ်မတ်သွားကြရန် စစ်ကိုင်းဖိုရမ်က လေးစားစွာ တိုက်တွန်းထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *