Yesagyo News

0 0
Read Time:1 Minute, 16 Second

ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် ရိက္ခာပို့ကားတစ်စီးကို ဖမ်းမိ

 

D Day News

ဇူလိုင်လ ၁၄

 

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် ရိက္ခာပို့ကား တစ်စီးကို ဖမ်းဆီးရရှိခဲ့ ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းမှ ဇီး တော ပျူစောထီးကျေးရွာစခန်းသို့ ပို့ဆောင်မည့် ရိက္ခာတင်ကားတစ်စီးကို ကြိုတင် သတင်းအရ အောင်မိုးလမ်းခွဲ အရောက် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဆန် ၂၄ အိတ်၊ ဆီပုံး ၄ လုံး၊ ဆား ၂ အိတ် ၊ ပဲ ၃ အိတ် ၊ နို့ဆီ ၅ ဖာတို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဖမ်းမိတဲ့သူတွေကတော့ စစ်ဆေးနေတုန်းပဲ၊ စစ်သား၊ ပျူလား၊ ပြည်သူလား မသိရသေးဘူး။ ကား ကတော့ လိုက်ထရပ်ကားနဲ့လာတာ၊ အရပ်သားကားပုံစံမျိုးလုပ်ပြီး ပို့တဲ့သဘောပါ။ ကြိုတင်သတင်း ရလို့ ဖမ်းမိခဲ့တာပါ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *