SSPP News

0 0
Read Time:2 Minute, 29 Second

မိုင်းရယ်မြို့ကို SSPP/SSA က သေနတ်တစ်မျှမဖောက်ရပဲ တပ်စွဲသိမ်းပိုက်

 

D Day News

ဇူလိုင်လ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့ကို SSPP/SSA က သေနတ်တစ်ချက်မျှ မဖောက်ရပဲ အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲကာ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာ သည်။

 

ဇူလိုင်လ ၁၂ ရက် ညပိုင်းက စတင်ကာ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်ဖြင့် မြို့ ကို ဝင်ရောက် နေရာယူ တပ်စွဲလိုက်ကြောင်း၊ မိုင်းရယ်မြို့ကို SSPP/SSA နှစ်ပေါင်းများစွာ စိုးမိုးလာ သည့် နယ်မြေ ဖြစ်သလို ပြည် သူလူထု တောင်းဆိုချက်အရ ပြည်သူများကို ကာကွယ် ရန် အတွက် ယခုကဲ့သို့ ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြား အဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက် ပြီးတော့ ရှိနေအောင် အခု လို လုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလဲ သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA မှ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း နောက်ထပ် စစ်သည် အင်အား ထပ်မံ ဖြည့်တင်းကာ မိုင်းရယ်မြို့နယ် အတွင်း နေရာအနှံ့ ဖြန့်ကျက်ထားကြောင်း၊ မိုင်းရယ်မြို့နယ်အတွင်း ရောက်ရှိနေ သည့် SSPP/SSA တပ်ဖွဲ့များကို ဒေသနေမိဘပြည်သူများမှ စားသောက်ဖွယ်ရာ များဖြင့် ဧည့်ခံကြို ဆိုကြကြောင်း သိရသည်။

 

မိုင်းရယ်မြို့နယ် အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၂၅ ၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင် တပ်ရင်း ခလရ ၂၂ တို့ အခြေစိုက်တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *