RCSS/SSA News

0 0
Read Time:2 Minute, 13 Second

နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးသည် ခွင့်ယူထားပြီး ၎င်း၏ မိတ်ဆွေအပေါင်းအသင်းများနှင့်ပူးပေါင်းကာ စည်းကမ်းဖောက်ဖျက်ခဲ့ဟု ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဝင် ၅ ဦးသည် ခွင့်ယူထားပြီး ၎င်း၏ မိတ်ဆွေအပေါင်းအသင်းများနှင့်ပူးပေါင်းကာ အဖွဲ့အစည်း၏ စည်းကမ်းဖောက် ဖျက်ခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA က ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၌ သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၄၃၇၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၄၅၀ ခု၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ က ထုတ်ပြန်ခဲ့သည်။

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)သည် တရားမဝင် လက်နက်ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်းကို အဖွဲ့အစည်းအတွင်းတွင် တင်းကြပ်စွာ တားမြစ် ထားကြောင်း၊ တပ်ဖွဲ့ဝင်များအား တရားမဝင် လက်နက်ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်းတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိရေးအတွက်လည်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသည်ဟု ဆို သည်။

 

ယခု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးသည် ခွင့်ယူထားသည့် ကာလတွင် ၎င်းတို့၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ပူးပေါင်း၍ အဖွဲ့အစည်း၏ စဉ်းမျဉ်းစည်းကမ်းကို ချိုး ဖောက်ပြီး ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်နက်ခဲယမ်းမီးကျောက် ရောင်းဝယ်ခြင်းအား ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း RCSS/SSA က ထုတ်ပြန်ရှင်းလင်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *