Myinmu News

0 0
Read Time:2 Minute, 38 Second

မြင်းမူမြို့မှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၄

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်ကမြင်းမူမြို့ပေါ်မှ အင်အား ၂၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို အန်စာတုံး ကားဖြင့် မြင်းမူမြို့တွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက် မိနစ် ၃၀ ခန့်အကြာတွင် မြင်းမူမြို့တွင်မှ အင်အား အများအပြားဖြင့် ထပ်မံ စစ်ကြောင်း ထိုးလာသဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နေသည့်နေရာအထိ ရောက်ရှိ လာသဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

“ကြေးနီတင်ကားတွေကို ကင်းပုန်းဝပ်လုံခြုံရေးယူပေးဖို့ ထွက်လာကြတာပါ။ ပထမ အကြိမ် မိုင်း ၃ လုံးနဲ့တိုက်ခိုက်တာ ၅ ဦးသေ၊ ၇ ဦးထိခိုက်ဒဏ်ရာရတယ်။ သေတဲ့အလောင်းတွေကို အန်စာတုံးကား နဲ့မြို့ထဲတင်သွားတယ်။ အဲဒါပြီးတော့ ထပ်ထွက်လာတဲ့အတွက် မိုင်းထပ်ဆွဲခဲ့တာ၊ ၂ ကြိမ်မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲပါ ထပ်ဖြစ်ခဲ့တာ၊ ဒုတိယအကြိမ်မိုင်းဆွဲတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တော့ စခထိခိုက်သေဆုံးမှု မသိရဘူး” ဟု Dog Killers People’s Defence Force Myinmu မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu- DK PDF-MMU နှင့် (U.S.A.R) Peoples Defence Force M.M.U) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *