Myingyan News

0 0
Read Time:2 Minute, 3 Second

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် ရဲတစ်ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီ ၂၃ မိနစ်အချိန်က မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ် ထွက်လာ သည့် ရဲတစ်ဦးကို အသင့်နေရာယူ စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေဆုံးရဲ တပ်သား ကိုင်ဆောင်လာသည့် G 3 အမျိုအစား သေနတ် ၁ လက် ၊ 7 .62 ကျည် ၄၃ တောင်းနှင့် ဖုန်း ၁ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကုက္ကဲရွာကို ရဲစခန်းထဲကနေ ဈေးဝယ်ထွက်လာတာ။ ခြေလျင်ပဲထွက်လာတာ။ ကြိုတင်သတင်းရလို့ ကင်းပုန်းဝပ်ပြီး ချောင်းပစ်တာ။ လက်ဦးမှု ရယူပစ်လိုက်တာဆိုတော့ အပြန်အလှန်လည်းမဖြစ်လိုက် ရဘူး၊ မနေ့ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့တစ်ဖွဲ့တည်း ပဲ လုပ်ဆောင်ခဲ့တာပါ” ဟု ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ တာဝန်ခံက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကုက္ကဲရဲစခန်းအတွင်းမှ စစ်သားများက ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *