သန္နီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး စာသင် ကျောင်းနှင့်နေအိမ် ၄ လုံးပျက်စီး (ရုပ်သံ)
D Day News
ဇူလိုင်လ ၁၄
ရှမ်းပြည်မြောက်ပိုင်း၌ MNDAA သိမ်းပိုက်ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း The Kokang က ထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်မှ ၃ နာရီ မိနစ် ၃၀ အချိန်အထိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ ၁ သိန္နီခရိုင်မြို့ရှိ လူနေရပ် ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။
ထို့အပြင် သိန္နီမြန်မာဘာသာကျောင်း ၊ယခင် မင်းအောင်လှိုင် အာဏာသိမ်း လက်နက် ကိုင် နည်း ပညာရှင် ရုံးခန်း ၂ ခန်းနှင့် လူနေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသူကို MNDAA သိန္နီခရိုင် အထူးဒေသ ၁ အစိုးရက မီးသဂြိုလ်ခြင်း စီစဉ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း သိန္နီ ခရိုင်၊ မိုင်းယော်ဒေသတွင် လားရှိူးမြို့နမ်ဖာခြစ် ဒေသမှ လာသော ပလောင်လူမျိုးစုမှ စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀ ကို လက်ခံခဲ့ပြီး ၎င်း တို့အား ဆန်၊ ဆီနှင့် အခြား အသက်မွေးဝမ်းကြောင်းပစ္စည်းများ ဝေပေးခဲ့ကြောင်း MNDA က ထုတ် ပြန်ထားသည်။
D Day News