Singu News

0 0
Read Time:2 Minute, 33 Second

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးစခန်းသိမ်းတိုက်ပွဲတွင်လက်နက်ချသူများနှင့်စစ်တပ်စခန်းမှ ထွက်ပြေး လာသူများ ဖမ်းမိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၃

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချသူများနှင့် စစ်တပ် မှ ထွက်ပြေးလာသူများကို ဖမ်းဆီးရရှိခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန် သည်။

 

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့်အတူ မန္တလေးတိုင်းတွင်းရှိ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်လျက်ရှိကာ အကြမ်းဖက်စစ်တပ်စခန်းအများ အပြားသိမ်းဆည်းရရှိပြီး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်သား၊ ပျူ အများအ ပြားဖမ်းဆီးရရှိထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့အပါအဝင် အကြမ်းဖက်စစ်တပ်စခန်း ၁၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက် ခဲယမ်း အထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည် ဟု ဆိုသည်။

 

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *