Poem

0 0
Read Time:1 Minute, 6 Second

ကဗျာ ကဏ္ဍ “သမိုင်းတွင်မည့် လူ”

 

ပျိုးကြဲလက်

 

မောင်ငယ်ရင်သွေး ၊ နာခံပေးလော့

ဟိုရှေးအခါ ၊ ဤလူ့ရွာ၌

အာဏာယစ်မူး ၊ ဘုရင်ရူးတို့

အထူးအခွင့် ခံခဲ့သည် ။

 

မောင်ငယ်ရင်နှစ် ၊ နာခံရစ်လော့

ရှေးနှစ်အခါ ၊ ဤလူ့ရွာ၌

ပညာယစ်မူး ၊ ကဝိရူးတို့

အထူးအခွင့် ခံခဲ့သည် ။

 

မောင်ငယ်သည်းချာ ၊ နာခံပါလော့

ရှေးမှာတစ်ချိန် ၊ လူ့ရွာအိမ်၌

စည်းစိမ်ယစ်မူး ၊ ဥစ္စာရူးတို့

အထူးအခွင့် ခံခဲ့သည် ။

 

အာဏာပညာ ၊ စည်းစိမ်မှာကား

ချိန်ခါအလျောက်၊ ထွန်းလင်းတောက်လည်း

ညှီဟောက်ဝန်းရံ ၊ ကိုယ်တည်းကျန်က

လွင့်ပျံညှိုးခြောက် ၊ သမိုင်းပျောက်၏ ။

 

အာဏာပညာ ၊ စည်းစိမ်ရှာ၍

သူငါနှလုံး ၊ ဆွဲယူကျုံးကာ

ပြည်လုံးချစ်ခင် ၊ သမိုင်းတွင်အောင်

အသင်မေတ္တာ များပါလေ

အသင်ကရုဏာ ထားပါလေ

အသင်မုဒိတာ ပွားပါလေ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးချိန် = ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၁၃ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *