KNU News

0 0
Read Time:1 Minute, 38 Second

ကရင်ပြည်နယ်တွင် ၆ လအတွင်း တိုက်ပွဲပေါင်း ၁၈၂၇ ကြိမ်ဖြစ်ပြီး စစ်သား ၁၉၀၀ ကျော်သေဆုံး

 

D Day News

ဇူလိုင်လ ၁၃

 

ကရင်ပြည်နယ်တွင် ၆ လအတွင်း တိုက်ပွဲပေါင်း ၁၈၂၇ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၉၀၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုထံက သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ များအတွင်းသို့ ကျူးကျော် ဝင်ရောက် တပ်စွဲထားသော အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ (၈၁) ဦးခန့်မှာ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရပြီး (၂၉၈) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *