ရေဖြူမြို့အနီးတွင် အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် Hijet ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
ဇူလိုင်လ ၁၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့အနီးတွင် အကြမ်းဖက်စစ်သားများစီးနင်းလာသည့် Hijet ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီခန့်က ထားဝယ်မြို့ဘက်မှ ရေဖြူးမြို့ဘက်သို့ ရန်ကုန် – ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် Hijet ကားတစ်စီးကို ရေဖြူမြို့အဝင်ဆိုင်းဘုတ်အနီးရောက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း Hijet ကားခေါင်းပိုင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် ပျက်စီးသွားပြီး အကြမ်း ဖက်စစ်သား ကိုင်ဆောင်အသုံးပြုသော MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၅ဝ တောင့် နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ၊သတိပြုသွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
D Day News