UN News

0 0
Read Time:3 Minute, 14 Second

တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့် စစ်တပ်က ဖျက်ဆီးပစ်ရန် ကြိုးစားနေ

 

D Day News

ဇူလိုင်လ ၁၂

 

တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့် အကြမ်းဖက်စစ်တပ်က အလုံးစုံဖျက်ဆီးပစ်ရန် ကြိုးစားနေ ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က သတိပေးပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး၌ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နှင့် မြန်မာ့အရေး ဆွေးနွေးပွဲတွင်၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက ဆက်တိုက်ဆုံးရှုံးနေတယ်။ တပ်တွေ ဆုံးရှုံးနေတယ်၊ စစ်ဘက်ဆိုင်ရာ အဆောက် အအုံတွေ ဆုံးရှုံးနေတယ်၊ ထိန်းချုပ်နယ်မြေတွေလည်း ဆုံးရှုံးနေတယ်။ စစ်ကောင်စီက သူထိန်းချုပ် လို့ မရတော့တဲ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရတယ်။ အခြေအနေက အရမ်းကို အန္တရာယ်များတဲ့ အခြေ အနေပါ” ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ထိုင်းနိုင်ငံအမျိုး သားလုံခြုံ ရေး အဖွဲ့နှင့်တွေ့ဆုံ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

 

မြန်မာစစ်တပ်သည် သူတို့ တပ်ဖွဲ့ဝင်များ၊ တပ်စခန်းများနှင့် နယ်မြေတွေ အများအပြားကို လက် လွတ်ဆုံးရှုံးနေပြီး ထိန်းချုပ်၍ မရတော့သည့် နယ်မြေများတွင် ရှုံးမဲမဲကာ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေကြောင်း၊ ပြီးခဲ့သည့် ၆ လအတွင်း တိုက်ခိုက်ခံရသည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတို့ သိသိသာသာတိုးတက်လာပြီး မြန်မာနိုင်ငံ၏ အခြေအနေသည် အင်မ တန်စိုးရိမ်စရာကောင်းကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာ အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်လို့ မရတော့သည့် တိုင်းပြည်ကို ဖျက်ဆီးရန် ကြိုးစားနေပုံ ရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်များနှင့် စစ်ကောင်စီကြား တိုက်ပွဲ များ ရပ်တန့်စေရန် တရုတ်အစိုးရက ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကြားဝင် ညှိနှိုင်းပေးခဲ့သည့် ဆွေး နွေးပွဲသည်လည်း ယခုအချိန်တွင် အောင်မြင်မှုမရှိတော့ပဲ ပျက်ပြယ်သွားပြီဖြစ်သည်။

 

အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA တပ်ဖွဲ့နှင့် MNDAA တပ်ဖွဲ့ တို့က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့နယ်ကို TNLA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ TNLA နှင့် MNDAA ပူးပေါင်းတပ်ဖွဲ့များကလည်း လားရှိုးမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီးဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *