TNLA News

0 0
Read Time:3 Minute, 5 Second

ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိ သိန္နိမြို့အပါအဝင် အကြမ်းဖက်စစ် တပ်က ၊ လေ ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး စာသင်ကျောင်း နှင့်နေအိမ် ၁၀ လုံးပျက်စီး

 

D Day News

ဇူလိုင်လ ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သိန္နီမြို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး စာ သင် ကျောင်းနှင့်နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက် ၈ ရှိ နေအိမ်တစ်လုံးပေါ်သို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ရပ် ကွက် (၁၀) ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီး ၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က လည်း လားရှိးမြို့ရပ်ကွက် (၁) ၊ ရပ်ကွက် (၁၀)၊ ရပ်ကွက် (၈) တို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး လက်နက်ကြီးစ ထိမှန်သေဆုံး ခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်ပြာ ကျခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီအချိန်တွင်  ကိုးကန့်(MNDAA) ထိန်း ချုပ်ထားသည့် သိန္နီမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနှင့် မူလတန်းကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ (၁၀)တွင် အကြမ်းဖက် စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူထိမှုမရှိသော်လည်း မြို့မ ရပ်ကွက်ရှိ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁၈ ရက်တာ ကာလ အတွင်း အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားများအားဦးတည်ကာ လေကြောင်း၊ လက်နက်ကြီး များဖြင့် ဗုံးကြဲ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၈ ဦး သေဆုံးပြီး ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် ၁၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *