Sagaing News

0 0
Read Time:1 Minute, 41 Second

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အဆောက်အအုံများ ထိခိုက်ပျက်စီး

 

D Day News

ဇူလိုင်လ ၁၂

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူများကို Fix Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ နေထိုင်ရာ အဆောက် အအုံများ ထိခိုက်ပျက်စီးပြီး အကြမ်းဖက်စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူများ လက်နက်ငယ်များဖြင့် လိုက်လံ ပစ် ခတ် မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ Royal Falcon Guerrilla Force ၊ People Dictatorship Revolutionary Force (SGG) ၊ Unicorn Guerrilla Force ၊ အမှတ် (၁) စစ်ဒေသ စစ် ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ ကြောင်လက်သည်း (ဝက်လက်)၊ နန်းတက်မင်း(ဝက်လက်)၊ ဇာမဏီ (ဝက် လက်) နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *