MNDAA News

0 0
Read Time:1 Minute, 27 Second

စစ်ကောင်စီတပ်သားများ အလင်းဝင်ပါက အသက်အာမခံမည်ဖြစ်ပြီဖြစ်ပြီး လက်နက်နှင့်အတူ ဝင်ရောက်ပါက်က ဆုငွေချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁၂

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် အလင်းဝင်ပါက အသက်အာမခံမည်ဖြစ်ပြီး လက် နက်နှင့်တကွ အလင်းဝင်ရောက်သူများကို ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း MNDAA ကပြန် ကြေညာ ထားသည်။

 

မင်းအောင်လှိုင် စစ်တပ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်အများအပြားသည် MNDAA ၏ ရှေ့တန်းတပ်ဖွဲ့ ထံသို့ လာရောက် လက်နက်ချခဲ့ကြကြောင်း၊ ထိုသူများကို အသက်အာမခံချက်ပေးပြီး လူသားချင်း စာနာထောက်ထားသော ဆက်ဆံရေးများ ပေးခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များ အနေဖြင့် အလင်းဝင်ပြီး ပြည်သူ့ရင်ခွင့် ခိုလှုံကြရန် MNDAA က တိုက်တွန်းသည်။

 

အလင်းဝင်လာသူများကို အသက်အာမံချက်ပေးမည့်အပြင် လူသားချင်းစာနာသော ဆက်ဆံရေးများ ပေးမည်ဖြစ်ကြောင်း၊ စစ်သည်များအဆင့်ဆိုလျှင် ငွေကျပ် ၁၀ သိန်းမှစတင်၍ ဗိုလ်မှူးကြီး အဆင့် အထိ ငွေကျပ် ၃၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *