TNLA News

0 0
Read Time:3 Minute, 25 Second

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် သတင်းပေးသူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူနှင့် နေ အိမ်ဖောက်ထွင်းမှုကျူးလွန် ၁၈၀ ဦးကို ဖမ်းဆီးအရေးယူ

 

D Day News

ဇူလိုင်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မြို့တွင် အကြမ်းဖက်စစ်တပ် သတင်းပေးသူ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနှင့် နေအိမ်ဖောက်ထွင်းမှုကျူးလွန်သူ ၁၈၀ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်/ သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူမှု ကျူးလွန်သူ (၁၈၀) ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီး ရသူများမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး ၊ မ (၁၁) ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေ သူ ကျား (၂) ဦးနှင့် မ (၁) စုစုပေါင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ (၁၅၉) ဦးပါဝင်ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူများသည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန် နှင့် ၎င်းတို့ အားသတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှု ဖြင့် ထောင် ကျခဲ့ဖူးသူများဖြစ်ကြောင်း သိရသည်။

PSLF/TNLA တပ်ဖွဲ့အနေဖြင့် ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်လုပ်ဆောင်လာခဲ့ရာ ထိုဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများအနေ​ဖြင့် စစ်ကောင်စီထိန်း ချုပ်သည့် ကျောက်မဲမြို့တွင်းသို့ ထွက်ပြေးခိုအောင်းခဲ့ကြကြောင်း သိရသည်။

 

ထိုအပြင် တိုက်ပွဲဖြစ်ပွားမှုကိုအခွင့်ကောင်းယူကာ နေအိမ်များပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ​ပြည်သူလူထုများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများခိုးယူနေသူ ၂ ဦးနှင့် စစ် ကောင်စီအမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ ၁ ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ ၂ ဦး တို့ ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုက်လံကင်းလှည့်နေချိန် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင် စီတပ်အားသတင်းပေးသူ ၁၆ ဦး ကိုလည်း ဖမ်းဆီးရရရှိထားကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်ထားပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *