TNLA News

0 0
Read Time:4 Minute, 28 Second

နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီး၊ လေယာဉ်ပစ်လက်နက် (၂)လက်အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်သိမ်းပိုက်ရရှိ

 

D Day News

ဇူလိုင်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ အတွဲ လိုက်ပစ်ဒုံး လက်နက်ကြီး၊ လေယာဉ်ပစ်လက်နက် ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၁၀ ရက် ညနေ ၃ နာရီအချိန်တွင် တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့ရှိ စစ်ကောင်စီ စကခ – ၁ ၊ ဗျူဟာမှူးကြီး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို တအာင်း တပ်မတော် PSLF/TNLA နှင့် MDY PDF ၊ DPLA ပူးပေါင်းတပ်ဖွဲ့တို့မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောင်ချိုမြို့ရှိ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သီတင်းပတ် (၂)ပတ်ကြာ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတပ်ရင်း – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေ ညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး နောင်ချိုမြို့နယ်တစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

နောင်ချိုမြို့ကို စစ်ကောင်စီ   စကခ-၁ ၊ လက်အောက်ခံ တပ်ဖြစ်သည့် ခမရ-၁၁၄ ၊  ခမရ-၁၁၅ နှင့် ဒုံးတပ်ရင်း – ၆၀၆ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့်မြို့ ဖြစ်ပြီးယင်းတပ်စခန်းများကို တိုက် ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter  အကြိမ် ၆၀ ၊ Y12 လေယာဥ်ဖြင့် ၄၂ ကြိမ်၊ Mi35  လေယာဉ်ဖြင့် ၅ ကြိမ်၊ လက်နက်ကြီးဖြင့် ၂၃၈ ကြိမ်၊ အတွဲလိုက် ဒုံး ၃၁ လုံး၊ ပေါင် ၅၀၀ ဗုံး ၂ လုံး နှင့် အဆိပ်ငွေ့ဗုံး ၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပြင် ဒုံးတပ်ရင်း အမှတ် ၆၀၆ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဉ်ဖြင့် ၈ ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သည့် အ တွဲလိုက်ပစ်ဒုံး လက်နက်ကြီး ၊ လေယာဉ်ပစ်လက်နက် ၂ လက်၊ Radar စက် (၁) လုံး၊ လက်နက် မျိုးစုံ (၁၃၉) လက်၊ 60 MM (၁၅) လက်၊ 80 MM (၂) လက်၊ ဆလက် (၁၇) လက်တို့အပါအဝင် စုစုပေါင်း လက်နက်မျိုးစုံ ၆၀၀ ကျော်၊ ဒုံးပစ်ကျည် (၁၀) သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက် အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိထားကြောင်း သိရသည်။

 

စစ်ကောင်စီ နောင်ချိုတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချိုဒေသနေ ပြည်သူ (၁၀)ဦး သေဆုံးခဲ့ပြီး၊ (၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီး ခြင်း နှင့် လူနေအိမ် (၉) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင် ၁၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော်PSLF/ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ပထမဆုံး သိမ်းပိုက်ရရှိသည့် မြိုအဖြစ် နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *