Pauk News

0 0
Read Time:2 Minute, 30 Second

ပေါက်မြို့နယ်၊ တရော်ကိုင်းပျူရွာတွင် စစ်သား၊ ပျူစောထီးများ၏ နှိပ်စက်မှုကိုမခံနိုင်သဖြင့် ပြည်သူ ၁၀ ဦးထွက်ပြေးလာပြီး PDF ထံ ခိုလှုံ

 

D Day News

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တရော်ကိုင်းပျူကျေးရွာတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် ပြည်သူ ၁၀ ဦး ထွက်ပြေးလာပြီး ခိုလှုံခဲ့ကြောင်း မြိုင်ပကဖထံမှ သိရ သည်။

 

ဇူလိုင်လ ၉ ရက် နေ့က ပေါက်မြို့နယ်၊ တရော်ကိုင်းပျူကျေးရွာမှ ဒေါ်မြင့်ရီ အသက် ၅၈ နှစ်၊ မခင် သက်လွင် အသက် ၃၁ နှစ်၊ သား ဟိန်းသန့်ဖြိုး အသက် ၁၀ နှစ်၊ သား ဟိန်းသန့် စိုး အသက် ၅ နှစ်၊ မနှင်းထက်ထက်ဝေ အသက် ၁၆ နှစ်၊ မခိုင်နှင်းဦး အသက် ၁၆ နှစ် နှင့်ကိုရင် ဖက်တီး (လူအမည် မောင်သော်ဇင်ဖြိုး) တို့သည် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး မြိုင် ၊ ပေါက်ပူးပေါင်းတပ်ဖွဲ့ထံ ထွက် ပြေးလာကာ ခိုလှုံခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဦးကျော်လွင် အသက် ၄၂ နှစ်၊ သား ဘုန်းလျှံဖြိုး အသက် ၈ နှစ်နှင့်အတူ နေလင်းဦး အသက် ၁၄ နှစ် တို့ ထပ်မံထွက်ပြေးရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

ပေါက်မြို့နယ်၊ ဇီးပြားပျူစောထီးကျေးရွာနှင့် တရော်ကိုင်း ပျူစောထီးကျေးရွာတို့ကို မြိုင်ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့မှ ကျေးရွာပတ်ပတ်လည်၌ ဝိုင်းရံ၍ အစစအရာရာ ပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆန်၊ ဆီ၊ ဆား ဝယ်ယူ၍မရခြင်း၊ ဆန်အနည်းငယ်နှင့် စားတော်ပဲများ ရောယှက်သော ထမင်းကိုလည်း နပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင်များ၏ ပူးပေါင်းနှိပ်စက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ရိက္ခာဖြတ်တောက်ခံရခြင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ နှိပ်မှုခံရနေခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ဖြစ်ပြီး ထွက်ပြေးလာသူများကို ဆေးဝါးကုသပေးခြင်းနှင့် အစာရေစာ များ ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ထားကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *