Pauk Khaung News

0 0
Read Time:1 Minute, 29 Second

ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၁

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက် နံနက် ၆ နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ ကြံ့သေကျေးရွာမှ ပဲခူးရိုးမပေါ်သို့ အင် အား ၃၇ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ လက်ဦးမှုရယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား ၅ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အတတ်နိုင်ဆုံး ဝေးဝေးမှ ရှောင် ရှားနေထိုင်ပေးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနေဖြင့် ပြည်သူနှင့်ပူးပေါင်း အလင်းဝင်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *