Palaw News

0 0
Read Time:2 Minute, 57 Second

ပုလောမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု ဗမ သက်ထွန်း အောင် အပါအဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ၊ ၆၀ မမ စိန်ပြောင်းတစ်လက်အပါအဝင်လက်နက်၊ ခဲယမ်းများ သိမ်း ဆည်း ရရှိ

 

D Day News

ဇူလိုင်လ ၁၁

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဗမ သက်ထွန်းအောင်အပါအဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ ၆၀ မမ စိန်ပြောင်းတစ်လက်အပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာအနီးသို့ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ခလရ – ၂၈၅ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုး၊ ဒုတပ်ကြပ် သန်းဦးမြင့်တို့သေဆုံးကာ တပ်ကြပ်မောင်ဖြူ၊ တပ်ကြပ်မြမောင်တို့ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် MA-7 ၆၀မမ စိန်ပြောင်း (၁) လက် ၊ ၆၀မမ ကျည် (၃) ခု ၊ MA-1 ရိုင်ဖယ် (၁) လက် ၊ MA-2 အပေါ့ စားစက်သေနတ် (၂) လက် ၊ MA-3 ရိုင်ဖယ် (၃) လက် ၊ MA-5 ပစ္စတို (၁) လက် ၊ အီနဂါ (၁) ခု လက် ပစ်ဗုံး (၈) လုံး ၊ MA-14 နင်းမိုင်း (၃) ခု ၊ MA ကျည်ဘောက် (၂၇) ခု ၊ MA-2 ကျည်ဘောက် အဝိုင်း (၂) ခု ၊ ၅.၅၆ (ကပစ) ကျည် (၂၄၁၂) တောင့် ၊ စစ်ဦးထုပ် (၆) လုံး ၊စကားပြောစက် (အသေး) (၁) လုံး ၊ လက်ကိုင်ဖုန်း (၄) လုံး ၊ ကျည်ကာအင်္ကျီ (၅) စုံ ၊ အီကွေးမင်း (၅) ခု နှင့် ကျောပိုးအိတ် (၁) လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း (၇) တပ်ခွဲ (၅) နှင့် ပုလောဒေသကာကွယ် ရေးတပ် (PRDF) မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းရံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုလောကာကွယ်ရေး တပ် – PRDF မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ တိုင်းပြည်နှင့်ဖက်ဒရယ် ပြည်ထောင်စု အတွက် အသက် ပေးလှူခဲ့ရကာ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တစ်ဦး မစိုးရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *