နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ကင်းလှည့်ထွက်လာသော ရဲ၊ ပျူများကို မိုင်းဆွဲ တိုက်ခိုက် မှု ၂ ဦးသေဆုံး
D Day News
ဇူလိုင်လ ၁၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ထွက်လာသော ရဲ၊ ပျူများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – Phoenix D F မှ တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုရဲစခန်းမှ ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်ထွက်လာသော ရဲ၊ ပျူများကို အောင်ရတနာ စာသင်ကျောင်းအနီးအရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး၊ ပျူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“သတင်းကြားတာကတော့ ၅ ဦးဒဏ်ရာရပြီး ၂ ဦးသေတယ်လို့ကြားတယ်၊ သတင်းကဖျောက်ထား တာ၊ ညပိုင်းဖြစ်တာဆိုတော့ ဘယ်လောက်ထိတယ်ဆိုတာ အနီးအနားက ပြည်သူတွေတောင် မသိ ဘူး။ ပျူတစ်ဦးနဲ့ စခန်းမှူးသေတယ်လို့တော့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု နတ် တလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – Phoenix D F မှ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း-၃၈၀၁ ၊ တပ်ခွဲ ၂ PHOENIX D F အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ၊ ပျူစောထီးများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုများပြုလုပ်ပြီးနောက် တောင်ညိုကျေးရွာနှင့်ရွာချင်းဆက်နေသည့် ဆင်သေရွာမှ အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရသည်။
နတ်တလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F အနေဖြင့် အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် စစ်တပ်ဒေါက်တိုင်များကို အလျဉ်းသင့်သလို တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်သည့် အတွက် မိဘပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် စစ်သား၊ ရဲ၊ ပျူနှင့် စစ်တပ်ထောက်တိုင်များ ၏ အနီးအနားတွင် သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။
D Day News